Monday, September 09, 2019

ဟင်္သာတ-မန္တလေး ခရီးသည်ယာဉ်တစ်စီးတိမ်းမှောက်သဖြင့် ၃ ဦးသေဆုံး၊ ၂၈ ဦးဒဏ်ရာရ


Image may contain: one or more people and people sitting
ယနေ့နံနက် ၀၃း၀၀ အချိန်ခန့်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် အမှတ် ၁၆/၆ နှင့် ၁၆/၇ အကြားတွင် ခရီးသည်(၄၅)ဦးတင်ဆောင်လာသော ဟင်္သာတ-မန္တလေး ခရီးသည်တင် Express ယာဉ်တစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ လက်ယာဖက်သို့ တိမ်းမှောက်ခဲ့ခြင်းကြောင့် အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၁)ဦးသေဆုံးကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ လူမှုကွန်ရက် facebook စာမျက်နှာမှ ကနဦးသတင်းအဖြစ်သိရသည်။

ထို့အပြင် အမျိုးသား(၁၆)ဦးနှင့် အမျိုးသား(၁၂)ဦးတို့လည်း ဒဏ်ရာရရှိကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ ကနဦးသတင်းအဖြစ် သိရသည်။
အဆိုပါ မော်တော်ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်သို့ (၁၁)မိုင် အမြန်လမ်း မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်တစ်စီးသွားရောက်၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီ၊ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ အမှတ်(၃)စခန်းမှ တပ်ဖွဲ့ဝင်များနှင့် အထောက်အကူပြုအဖွဲ့များကလည်း လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
Image may contain: 1 person 
Image may contain: one or more people and outdoor 
Image may contain: one or more people 
Source - မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး

No comments:

Post a Comment

My Blog List