Tuesday, September 10, 2019

ကမ္ဘာတဝန်းတွင် စက္ကန့် ၄၀ တိုင်း လူတဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဟု WHO ပြော



ကမ္ဘာတဝန်းမှာ စက္ကန့် ၄၀ တိုင်း လူတဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်နေတယ်လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က စက်တင်ဘာ ၉ ရက်နေ့မှာ ပြောလိုက်ပါတယ်။

ဒါ့အပြင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တာကြောင့် သေဆုံးသူအရေအတွက်ဟာ နှစ်စဉ် စစ်ပွဲတွေကြောင့် လူသေဆုံးမှုနှုန်းထက် ပိုများနေတယ်လို့လည်း WHO က ပြောပါတယ်။
ကြိုးဆွဲချသတ်သေတာ၊ အဆိပ်သောက်တာနဲ့ သေနတ်နဲ့ ပစ်တာ စတဲ့အချက်တွေဟာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လေ့ရှိတဲ့ နည်းလမ်းတွေ ဖြစ်တယ်လို့ WHO က ပြောပါတယ်။
အဲဒီလိုလုပ်ရပ်တွေကို ဟန့်တားဖို့ သတ်သေနိုင်တဲ့ နည်းလမ်းတွေကို လျှော့ချရေးနဲ့ စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းရေး အစီအစဉ်တွေ ရေးဆွဲကြဖို့ကိုလည်း သက်ဆိုင်ရာ အစိုးရတွေကို WHO အဖွဲ့က တိုက်တွန်းခဲ့ပါသေးတယ်။
သတ်သေရတဲ့ အကြောင်းအရင်းအားလုံးကို ခြုံငုံလိုက်မယ်ဆိုရင် နှစ်စဉ်နှစ်တိုင်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တာကြောင့် လူရှစ်သိန်းနီးပါး သေဆုံးနေပြီး အဲဒီပမာဏဟာ ငှက်ဖျားရောဂါ၊ ကင်ဆာရောဂါကြောင့် သေဆုံးသူနှုန်းထက် ပိုများနေတယ်လို့ WHO က ပြောပါတယ်။
အင်မတန် အဆိပ်ပြင်းတဲ့ ပိုးသတ်ဆေးတွေကို အလွယ်တကူ ဝယ်ယူခွင့် စည်းကမ်း တင်းကြပ်တာက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုနှုန်း လျင်လျင်မြန်မြန် လျော့ချဖို့ ထိရောက်တဲ့ နည်းလမ်းတခု ဖြစ်တယ်လို့ WHO က ပြောပါတယ်။
သီရိလင်္ကာနိုင်ငံမှာ ၁၉၉၅ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အတွင်း ပိုးသတ်ဆေးတွေကို တားမြစ်ခဲ့ တာကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုနှုန်း ၇၀ ရာခိုင်နှုန်း လျော့ကျခဲ့ပြီး လူပေါင်း ကိုးသောင်းသုံးထောင်ရဲ့ အသက်တွေကို ကယ်တင်နိုင်ခဲ့တယ်လို့ WHO က ပြောပါတယ်။
DVB  

No comments:

Post a Comment

My Blog List