Wednesday, September 11, 2019

"ဗစ်တိုးရီးယားလေးက ကိုကိုအငယ်နဲ့ ကိုကိုအကြီးလို့ တရားရုံးမှာ ထွက်ဆို"


ဗစ်တိုးရီးယားလေးက သူ့ကို ပြုလုပ်သူဟာ ကိုကိုအငယ်နဲ့ ကိုကိုအကြီး ဖြစ်တယ်လို့ တရားခွင် စစ်ဆေးမေးမြန်းမှုကို ဖြေကြားခဲ့တယ်လို့ တရားလိုရှေ့နေ ဒေါ်ရွက်နုအောင်က ပြောပါတယ်။

ဒီနေ့ တရားရုံးမှာ ဗစ်တိုးရီးယားလေးကို ဥပဒေအရာရှိနဲ့ တရားခံလို့ စွဲဆိုခံထားရသူ ကိုအောင်ကြီးရဲ့ ရှေ့နေ ဦးခင်မောင် ဇော်က စစ်ဆေးမေးမြန်းရာမှာ အဲဒီလိုထွက်ဆိုခဲ့တာပါ။
ဗစ်တိုးရီးယားကို အိမ်မှာမေးမြန်း ရိုက်ကူးထားပြီး တရားရုံးကို သက်သေအဖြစ်တင်သွင်းထားတဲ့ ဗီဒီယိုဖိုင်ထဲကအတိုင်းပဲ ကလေးငယ်က ဖြေကြားခဲ့တာလို့လည်း သိရပါတယ်။
အဲဒီဗီဒီယိုဖိုင်မှာ ကိုအောင်ကြီး၊ ကိုကိုနဲ့ညီညီ၊ ဆရာမ နှင်းနုတို့ပုံတွေ ပြသပြီးမေးမြန်းရာမှာ ကလေးက သူ့ကို လုပ်တာ ကိုကိုနဲ့ညီညီလို့ ပြောကြားထားတာ ဖြစ်ပါတယ်။

7Day 

No comments:

Post a Comment

My Blog List