Wednesday, September 11, 2019

ပဲခူးမြစ်ရေသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် (၃)စင်တီမီတာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်လျက်ရှိ


ပဲခူးမြစ်ရေသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် (၃)စင်တီမီတာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက်(၂)ရက် အတွင်း (၁)ပေခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိ ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။
သို့ဖြစ်ပါ၍ ပဲခူးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူး သတိပြုနေ ထိုင်ကြပါရန် အသိပေးနှိုးဆော်ချက်အား မိုးဇလ က ထုတ်ပြန်ခဲ့သည်။

(Xinhua)

No comments:

Post a Comment

My Blog List