Monday, September 09, 2019

ဟောင်ကောင် တက်ကြွလှုပ်ရှားသူ ဂျိုရှုဝေါင်ကို ထိန်းသိမ်းထားရာမှ ပြန်လွှတ်


ဟောင်ကောင် တက်ကြွလှုပ်ရှားသူ ဂျိုရှုဝေါင်ကို ထိန်းသိမ်းထားရာက စက်တင်ဘာ ၉ ရက်မှာ ရဲတွေက ပြန်လွှတ်ပေးလိုက်ပါတယ်။

အာမခံ စည်းမျဉ်းချိုးဖောက်မှုနဲ့ သူ့ကို ဟောင်ကောင် နိုင်ငံတကာ လေဆိပ်မှာ ရဲတွေက ဖမ်းခဲ့တာပါ။ ဝေါင်ဟာ ထိုင်ဝမ်ကနေ အိမ်အပြန် စက်တင်ဘာ ၈ ရက်မှာ အဖမ်းခံရတာလို့ ဒေသခံ မီဒီယာက ပြောပါတယ်။
သူ့ကို ဖမ်းတာဟာ တနင်္ဂနွေနေ့က ဖြစ်ခဲ့တဲ့ ပရမ်းပတာ အခြေအနေနဲ့ ပတ်သက်နေတယ်လို့ ယုံကြည်ကြောင်း ဝေါင်က တနင်္လာမနက် တရားရုံးမှာ မီဒီယာတွေကို ပြောပါတယ်။
တနင်္ဂနွေနေ့ ဆန္ဒပြပွဲမှာ ဟောင်ကောင်ရဲ့ ဗဟိုစီးပွားရေး ခရိုင်အတွင်း ဆန္ဒပြသူတွေကြောင့် ကသောင်းကနင်း ဖြစ်ခဲ့ပါတယ်။
ဝေါင်ဟာ အခွင့်မရှိဘဲ လူထုစည်းဝေးမှုမှာ ပါဝင်မှုနဲ့ လှုံ့ဆော်မှုအတွက် တရားစွဲခံရပြီး သြဂုတ်လမှာ အဖမ်းခံခဲ့ရ ပါတယ်။

DVB 

No comments:

Post a Comment

My Blog List