Monday, September 09, 2019

US မှာ စတင်မိတ်ဆက်လိုက်တဲ့ Facebook ရဲ့ Dating App အကြောင်း


ပြီးခဲ့တဲ့အပတ်တုန်းက Facebook သူဌေး မက်ဇူကာဘတ်ဟာ သူ့ရဲ့ Facebook account မှာ dating app လေးတစ်ခု ပြုလုပ်တော့မယ်ဆိုပြီး post တစ်ခု တင်လာခဲ့ပါတယ်။ 


အဲဒီ post ဟာ user တွေကြားထဲ တော်တော်လေး သတင်းပေါက်သွားခဲ့ပြီး စက်တင်ဘာလ ပထမအပတ်မှာတော့ US မှာ အဲဒီ app ကို စတင်မိတ်ဆက်လိုက်ပြီလို့ Buzz Feed မှာ ဖတ်ခဲ့ရပါတယ်။ ဒါဆို အဲဒီ dating app လေးဟာ ဘယ်လိုအလုပ်လုပ်တာလဲဆိုတာနဲ့ပတ်သက်ပြီး ကိုးကားဖော်ပြသွားမှာမလို့ ဆက်ဖတ်ကြည့်လိုက် ရအောင်ပါနော်။
Facebook ကလုပ်တဲ့ dating app ဖြစ်တာကြောင့် ဒီ app အနေနဲ့ သင့်ရဲ့ Facebook profile ကတော့ အပြည့်အဝပါဝင်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ Facebook app ကြီး၊ Facebook profile ကြီးနဲ့သုံးရမှာမဟုတ်ဘဲ app သက်သက်မှာ account သစ်တစ်ခုကို Facebook account နဲချိတ်ဖွင့်ရမှာပါ။ Facebook အပြင် Instagram နဲ့ပါ ချိတ်ဆက်လို့ရဦးမှာပါ။ OkCupid တို့ Bumble တို့လို dating app မျိုးတွေနဲ့ရင်းနှီးကျွမ်းဝင်ထားတဲ့သူဆိုရင်တော့ အသုံးပြုတာသိပ်စိမ်းမယ်မထင်ပါဘူး။

လူရှာပေးတဲ့နေရာမှာ ကိုယ့်ရဲ့တူညီတဲ့အချက်တွေကို Facebook ဖက်ကနေ စမ်းစစ်လိုက်ညှိပေးတာကြောင့် သင့် Facebook ကရော Instagram ကရောရဲ့ ဓာတ်ပုံတွေ၊ ပိုစ့်တွေကစလို့ My Story တွေအထိပါ အချက်အလက်တွေဝင်ယူခွင့်ရှိနေမယ်ဆိုတာကိုလည်း မမေ့သင့်ပါဘူး။ ဒီအပြင် group တွေ၊ event တွေနဲ့ အချင်းချင်း live location တွေပါ share နိုင်ဦးမှာဆိုတော့ အသုံးပြုသူတွေအနေနဲ့ အသုံးမပြုမခင်အရင်ဆုံးစဉ်းစားဖို့တော့လိုအပ်ပါလိမ့်မယ်။

ဒါပေမဲ့လည်း မိတ်ဆက်ပွဲနေ့ကပြောသွားပုံအရတော့ လုံခြုံရေးအတွက်အပြည့်အဝဆောင်ရွက်ထားပြီး account ကို ဖျက်ချင်ရင်လည်း ရာသက်ပန်အချိန်မရွေးပယ်ဖျက်နိုင်မှာဖြစ်ပြီး dating app ရဲ့ profile ကိုလည်း လိုချင်သလိုထိန်းချုပ်လို့ရနိုင်ဦးမှာပါ။ ဥပမာ ဓာတ်ပုံတို့၊ လိပ်စာ၊အလုပ်အကိုင်၊ဘာသာရေးနဲ့ လိင်တွေကိုရောပေါ့။ နောက်တစ်ချုက်အနေနဲ့ dating app မှာ ကိုယ်နဲ့ကိုက်ညီတဲ့အချက်အလက်တွေ မရှိတဲ့လူဆိုရင် message လေးတောင် ပို့လို့မရပါဘူးတဲ့။ အားရစရာအချက်ကတော့ Facebook ရဲ့ dating app ဟာ Facebook ကပဲ ထိန်းချုပ်ထားတဲ့အတွက်ကြောင့် Newsfeed မှာလိုမျိုး လိင်ပိုင်းဆိုင်ရာတွေ၊ ညစ်ညမ်းတာတွေ၊ တရားမဝင်တဲ့ကိစ္စတွေဆိုရင် လုံးဝ “NO” ပါပဲနော်။


Penny 
    

No comments:

Post a Comment

My Blog List