Wednesday, September 11, 2019

သေဒဏ်ကျမြန်မာနှစ်ဦး လွတ်မြောက်ရေးအတွက် လက်မှတ်ကောက်ခံ


Image may contain: one or more people, people standing and crowd
ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံအရပ်ဖက်အဖွဲ့အဖွဲ့အစည်းတွေရဲ့ ညီလာခံမှာ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမား နှစ်ဦးဖြစ်တဲ့ ဝင်းနဲ့ဇော်ကို သေဒဏ်ကနေ လွတ်မြောက်ပေးဖို့ လတ်မှတ်ကောက်ခံတဲ့ လှုပ်ရှားမှုကို ကျင်းပခဲ့ပါတယ်။

ဒီညီလာခံကနေ ကောက်ခံရရှိတဲ့ လက်မှတ်တွေကို ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာပေးပို့ ပန်ကြားသွားမှာဖြစ်တယ်လို့ အာဆီယံအရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အစည်းအဝေးမှာ လက်မှတ်ကောက်ခံတဲ့လှုပ်ရှားမှုကို ဆောင်ရွက်ခဲ့တဲ့ ညီမျှခြင်းမြန်မာ က ဦးအောင်မျိုးမင်း က RFA ကိုပြောပါတယ်။
ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေဖြစ်တဲ့ ဝင်းနဲ့ဇော်ဟာ သြဂုတ်လ ၂၉ ရက်နေ့က ထိုင်းနိုင်ငံ၊ နွန်ထဘူရီခရိုင် တရားရုံးမှာ နောက်ဆုံး အယူခံ ပယ်ချခံခဲ့ရတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံဥပဒေအရ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာလုပ်သား နှစ်ဦးအတွက် နောက်ဆုံးအခွင့်အရေးအနေနဲ့ ထိုင်းဘုရင်ကပေးမယ့် လွတ်ငြိမ်းချမ်းသာခွင့် တစ်ခုတည်းကိုသာ မျှော်လင့်စရာ ရှိတော့တာကြောင့် ထိုင်းဘုရင်ထံကို ခုလို အသနားခံစာပေးပို့ တာင်းဆိုနေကြတာပါ။
အာဆီယံအရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ညီလာခံကို ထိုင်းနိုင်ငံ ပထုံဌာနီခရိုင် Thammasat ယူနီဗာစတီမှာ စက်တင်ဘာ ၁၀ ရက်နေ့ကစပြီး ၁၂ ရက်နေ့ထိ သုံးရက်ကြာ ကျင်းပနေတာဖြစ်ပါတယ်။
အဲ့ဒီ ညီလာခံကို မြန်မာဘက်က အရပ်အဖက်အဖွဲ့အစည်းပေါင်း ၁၈ ဖွဲ့က စုစုပေါင်း အယောက် ၁၀၀ နီးပါး တက်ရောက်ခဲ့ပါတယ်။
စက်တင်ဘာ (၁) ရက်နေ့ကလည်း ကြံ့ခိုင်ရေးပါတီက မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦးကို သေဒဏ် ကင်းလွတ်ခွင့်ပေးဖို့အတွက် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကနေ တဆင့် ထိုင်းဘုရင် မင်းမြတ်ထံ တင်ပြပေးဖို့ စာပေးပို့ခဲ့တယ်လို့ သိရပါတယ်။
Image may contain: 2 people, people standing 
Image may contain: 10 people, people standing 
Photo: Thet Su Aung
RFA 

No comments:

Post a Comment

My Blog List