Wednesday, September 11, 2019

ဗစ်တိုးရီးယားကို တရားခွင်မှာ သီးသန့်စစ်ဆေး


Image may contain: 2 people, people sitting
နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးမှာ ဒီနေ့ ပြုလုပ်တဲ့ ခြောက်ကြိမ်မြောက်ရုံးချိန်းမှာ လိင်အကြမ်းဖက်ခံခဲ့ရတဲ့ Victoria ကလေးငယ်ကို တရားခွင်အတွင်းမှာ မဟုတ်ဘဲ Video Conferencing လို့ ခေါ်တဲ့ ရုပ်သံကနေတဆင့် ဆက်သွယ်တဲ့စနစ်ကိုသုံးပြီး သီးသန့်စစ်ဆေးမှာဖြစ်ပါတယ်။

Victoria လို့ အမည်ပေးထားတဲ့ ကလေးငယ်ကို ပထမဆုံးအကြိမ် တရားရုံးစစ်ဆေးမှုလည်း ဖြစ်ပါတယ်။
ဒီအမှုအတွက် Wisdom Hill မူကြိုကျောင်းက ယာဉ်မောင်း အောင်ကြီးကို ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်တယ်လို့ သံသယရှိတဲ့အတွက် ဖမ်းဆီးတရားစွဲဆိုထားပါတယ်။
ကျူးလွန်သူ ဘယ်သူလဲဆိုတာနဲ့ ပတ်သက်လို့ Victoria ကို မေးမြန်း ရိုက်ကူးထားတဲ့ တယ်လီဖုန်း မှတ်တမ်းတွေ အရ စွပ်စွဲခံထားရသူ အောင်ကြီးကို မသိကြောင်းနဲ့ Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းက ကိုကို လုပ် တာဖြစ်ကြောင်း Victoria က အဲဒီဖုန်းမှတ်တမ်းထဲမှာ ပြောထားတယ်လို့ သက်သေထွက်ဆိုချက်တွေအရ သိရပါ တယ်။
အရင်ရုံးချိန်းတွေက သတင်းထောက်တွေနဲ့ လေ့လာသူတွေ တရားခွင်ထဲ ဝင်ခွင့်ရခဲ့ပေမယ့် ကလေးငယ် တရားခွင် ရောက်လာတဲ့ ဒီနေ့မှာတော့ ခွင့်မပြုခဲ့ပါဘူး။
Image may contain: 3 people, people smiling, outdoor 
Image may contain: 19 people, people smiling, people standing and outdoor 
Image may contain: 4 people, people smiling, people standing, sky and outdoor 
Photo: Thiha Tun/RFA

No comments:

Post a Comment

My Blog List