Tuesday, September 10, 2019

စက်တင်ဘာ ၆ ရက်အထိ H1 N1 ပိုးတွေ့သူ ၆၇၂ ဦးတွင် သေဆုံးသူ ၁၀၉ ဦးအထိ ရှိလာပြီး ဧရာဝတီတိုင်းဒေသကြီးတွင် လူနာတစ်ဦး ထပ်မံသေဆုံး


နာရေးကူညီမှုအသင်း (ရန်ကုန်) မှ စေတနာ့ဝန်ထမ်းများက ရာသီတုပ်ကွေးဖြင့် သေဆုံးသူ တစ်ဦးကို ရေဝေးသုသာန်တွင် သင်္ဂြိုဟ်ရန် ကူညီနေစဉ်
စက်တင်ဘာ ၆ ရက်အထိ H1 N1 သံသယလူနာ ၁၅၇၆ ဦးအနက် ရောဂါပိုးတွေ့ရှိသူ ၆၇၂ ဦး၊ သေဆုံးသူ ၁၀၉ ဦး အထိရှိပြီး ဧရာဝတီတိုင်းဒေသကြီးတွင် လူနာတစ်ဦး ထပ်မံ သေဆုံးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ရရှိသည့် အချက်အလက်အရ သိရသည်။

ဇန်နဝါရီမှ စက်တင်ဘာ ၆ ရက်အထိ တုပ်ကွေးဆန်သော ရောဂါလက္ခဏာများ (Influenza-like illness–ILI) ဖြစ်ပွားသူ ၄၄၂ ဦးအနက် A(H1N1) ဖြစ်ပွားသူ ၁၁၈ ဦး၊ A(H3N2) ဖြစ်ပွားသူ၂၁ ဦး၊ Influenza B  ဖြစ်ပွားသူ ၁၈ ဦးရှိကြောင်း၊ လတ်တလော ပြင်းထန် အဆုတ်ရောင်ရောဂါ (Severe Acute Respiratory Infection- SARI) ဖြစ်ပွားသူ ၁၁၃၈ ဦးအနက် A(H1N1) ဖြစ်ပွားသူ ၄၃၂ ဦး၊ A(H3N2)  ဖြစ်ပွားသူ ၃၃ ဦး၊ Influenza B ဖြစ်ပွားသူ ၅၅ ဦးရှိကြောင်း သိရသည်။      
“စက်တင်ဘာ ၆ ရက်အထိ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဓာတ်ခွဲစစ်ဆေးသူ ၁၅၇၆ ဦးရှိပြီး အတည်ပြုလူနာ ၆၇၂ ဦး ရှိပါတယ်။ သေဆုံးသူ စုစုပေါင်း ၁၀၉ ဦးအထိ ရှိပါတယ်။ လက်ရှိအထိ သေဆုံးသူဦးရေ ရန်ကုန်မှာ ၆၈ ဦး၊ ဧရာဝတီမှာ ၁၄ ဦး၊ ပဲခူးမှာ ၁၀ ဦး၊ မကွေးနဲ့ စစ်ကိုင်းမှာ လေးဦးစီ၊ မွန်မှာ သုံးဦး၊ ရခိုင်မှာ နှစ်ဦးနဲ့ ကချင်၊ မန္တလေး၊ ရှမ်းတောင်၊ တနင်္သာရီမှာ တစ်ဦးစီနဲ့ စုစုပေါင်း ၁၀၉ ဦးရှိပါပြီ” ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ရာသီတုပ်ကွေးရောဂါ ဓာတ်ခွဲအတည်ပြု ဖြစ်ပွား၊ သေဆုံးသူ ဦးရေ စာရင်းအရ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စက်တင်ဘာ ၆ ရက်အထိ ရန်ကုန်တွင် ဓာတ်ခွဲစစ်ဆေးသူ ၆၇၃ ဦးအနက် အတည်ပြုလူနာ၂၇၉ ဦး၊ သေဆုံး ၆၈ ဦး၊ ဧရာဝတီတွင် ဓာတ်ခွဲစစ်ဆေးသူ ၁၂၂ ဦးအနက် အတည်ပြုလူနာ ၅၉ ဦး၊ သေဆုံး ၁၄ ဦး၊ စစ်ကိုင်းတွင် ဓာတ်ခွဲစစ်ဆေးသူ ၂၇ ဦးအနက် အတည်ပြုလူနာ ၁၃ ဦး၊ သေဆုံး လေးဦး၊ မွန်တွင် ဓာတ်ခွဲစစ်ဆေးသူ ၂၅ ဦးအနက် အတည်ပြုလူနာ ၁၃ ဦး၊ သေဆုံး သုံးဦး ရှိခဲ့ကြောင်း၊ ပဲခူးတွင် ဓာတ်ခွဲစစ်ဆေးသူ ၁၀၂ ဦးအနက် အတည်ပြုလူနာ ၄၅ ဦး၊ သေဆုံးသူ ၁၀ ဦး၊ နေပြည်တော်တွင် ဓာတ်ခွဲစစ်ဆေးသူ ၂၀၀ ဦးအနက် အတည်ပြုလူနာ ၉၂ ဦး၊ မကွေးတွင် ဓာတ်ခွဲစစ်ဆေးသူ ၅၇ ဦးအနက် အတည်ပြုလူနာ ၃၈ ဦး၊ သေဆုံးသူ လေးဦး၊ မန္တလေးတွင် ဓာတ်ခွဲစစ်ဆေးသူ ၄၅ ဦးအနက် အတည်ပြုလူနာ ၁၇ ဦး သေဆုံးသူ တစ်ဦး၊ ရခိုင်တွင် ဓာတ်ခွဲစစ်ဆေးသူ ၈၄ ဦးအနက် အတည်ပြုလူနာ ၃၂ ဦး၊ သေဆုံး နှစ်ဦး၊ ရှမ်း(မြောက်) တွင် ဓာတ်ခွဲစစ်ဆေးသူ ၁၃ ဦးအနက် အတည်ပြုလူနာ ခြောက်ဦး၊ ရှမ်း (တောင်) တွင် ဓာတ်ခွဲစစ်ဆေးသူ ၁၇ ဦးအနက် အတည်ပြုလူနာ ၁၂ ဦး သေဆုံးသူ တစ်ဦး၊ ရှမ်း(အရှေ့)တွင် ဓာတ်ခွဲ စစ်ဆေးသူ တစ်ဦးအနက် အတည်ပြုလူနာ မရှိ၊ တနင်္သာရီတွင် ဓာတ်ခွဲစစ်ဆေးသူ ကိုးဦးအနက် အတည်ပြုလူနာ ငါးဦး၊ သေဆုံးသူ တစ်ဦး၊ ကချင်တွင် ဓာတ်ခွဲစစ်ဆေးသူ ၁၀၄ ဦးအနက် အတည်ပြုလူနာ ၃၆ ဦး သေဆုံး တစ်ဦး၊ ချင်းတွင် ဓာတ်ခွဲစစ်ဆေးသူ ငါးဦး၊ အတည်ပြုလူနာ နှစ်ဦးနှင့် ကရင်တွင် ဓာတ်ခွဲစစ်ဆေးသူ ၈၀ ဦးအနက် အတည်ပြုလူနာ ၁၁ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ကြေညာထားသည်။
ရန်ကုန်တိုင်းဒေသကြီး မြို့နယ်အလိုက် Seasonal Influenza  ဓာတ်ခွဲအတည်ပြု သေဆုံးသူဦးရေ စာရင်းအရ ဒဂုံမြို့သစ် (တောင်) ပိုင်းတွင် ငါးဦး၊ လှိုင်သာယာတွင် ခြောက်ဦး၊ သင်္ဃန်းကျွန်းတွင် ငါးဦး၊ ဒဂုံ (ဆိပ်ကမ်း) တွင် တစ်ဦး၊ သန်လျင်တွင် လေးဦး၊ မြောက်ဥက္ကလာတွင် လေးဦး၊ မင်္ဂလာဒုံတွင် သုံးဦး၊ ဒဂုံမြို့သစ် (မြောက်) တွင် နှစ်ဦး၊ ဒဂုံအရှေ့တွင် နှစ်ဦး၊ လှည်းကူးတွင် တစ်ဦး၊ မရမ်းကုန်းတွင် တစ်ဦး၊ မှော်ဘီတွင် လေးဦး၊ သာကေတတွင် လေးဦး၊ မင်္ဂလာတောင်ညွန့်တွင် နှစ်ဦး၊ ရွှေပြည်သာတွင် နှစ်ဦး၊ ရန်ကင်းတွင် သုံးဦး၊ သုံးခွတွင် နှစ်ဦး၊ ကြည်မြင်တိုင်တွင် တစ်ဦး၊ စမ်းချောင်းတွင် နှစ်ဦး၊ ထန်းတပင်တွင် နှစ်ဦး၊ လှိုင်တွင် တစ်ဦး၊ တွံတေးတွင် တစ်ဦး၊ တာမွေတွင် တစ်ဦး၊ ဒေါပုံတွင် တစ်ဦး၊  ကွမ်းခြံကုန်းတွင် နှစ်ဦး၊ ဗိုလ်တထောင်တွင် တစ်ဦး၊ အလုံတွင် တစ်ဦး၊ ကော့မှူးတွင် နှစ်ဦး၊ ဆိပ်ကြီးခနောင်တိုတွင် တစ်ဦး  စုစုပေါင်း ၆၈ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ 

Eleven Media Group

No comments:

Post a Comment

My Blog List