Wednesday, September 11, 2019

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့တွင် အင်အား ၄.၅ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှား




ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့တွင် အင်အား ၄.၅ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှားခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။
၎င်းငလျင်သည် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၂)နာရီ၊ (၄၈)မိနစ်၊ (၄၈)စက္ကန့် အချိန်တွင် ပုသိမ်မြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၄၅)မိုင် ခန့်ကွာဝေးသော ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့၏ အနောက်-အနောက်တောင်ဘက် (၂၂)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် (၁၆.၂၁)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၈.၀၇) ဒီဂရီ၊ အနက် (၅၆)ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း မိုးဇလ ၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ 
(Xinhua)


No comments:

Post a Comment

My Blog List