Wednesday, September 11, 2019

ကလေးငယ်ဗစ်တိုးရီးယားမှ ကိုကိုနှင့်ညီညီပုံအား ခြေထောက်ဖြင့်နင်းခြင်း လက်ဖြင့်ထုရိုက်ခြင်းများ ပြုလုပ်ခဲ့ဟု ရှေ့နေပြော


Image may contain: 1 person, eyeglasses
ယနေ့ရုံးချိန်းတွင် ဗစ်တိုးရီးယားလေးအား ဓာတ်ပုံ ၆ ပုံ ကိုပြသ၍ မေးမြန်းရာ ကိုကိုနှင့်ညီညီ ပါဝင်သော ဓာတ်ပုံအား ခြေထောက်ဖြင့်နင်းခြင်း လက်ဖြစ်ထုရိုက်ခြင်းများကို တရားခွင်တွင် ပြုလုပ်ခဲ့ကြောင်း အမှုတွင်လိုက်ပါဆောင်ရွက်နေသူ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောကြားသည်။

"ဓာတ်ပုံ ခြောက်ပုံပြပြီး ကလေးကို ရွေးခိုင်းတယ်။ နံပါတ် ၅ ပုံကို ရွေးပြီးတော့ တီချယ်နှင်းနုလို့ ပြောတယ်။ တီချယ်နှင်းနုက မီးမီးဖင်ဘုကို ရေဆေးပေးတယ်လို့ ပြောတယ်။ နံပါတ်နှစ်ပုံ လူငယ်နှစ်ယောက် ပုံကိုပြပြီး ဒီကိုကို နှစ်ယောက်ဆိတ်တာ၊ အငယ်က သမီးရင်ဘတ်ကို ထုတယ်။ အကြီးက ဖင်ဘုကို ဆိတ်တယ်လို့ ပြောတယ်။ ပြောပြီးတော့ သူ့ပေါင်ကြားကို လက်နဲ့ပြသေးတယ်။ ပြီးတော့ ပုံကို လက်နဲ့ထုတယ်။ ဖနောင့်နဲ့ ပေါက်တယ်" ဟု တရားခွင်တွင် ကလေးငယ်၏ ထွက်ဆိုမှုကို ပြန်လည်ပြောပြခဲ့သည်။
ဓာတ်ပုံများထဲတွင် ထည့်သွင်းပြသခဲ့သည့် စွပ်စွဲခံရသူ ကိုအောင်ကြီး၏ ဓာတ်ပုံကိုမူ မသိရှိကြောင်း ဗစ်တိုးရီးယားက ထွက်ဆိုခဲ့သည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
ယနေ့ ရုံးချိန်းအဖြစ် ကလေးငယ်အားစစ်ဆေးရာတွင် video conferencing စနစ်ဖြင့် စစ်ဆေးခြင်း ဖြစ်ပြီး အဆိုပါ စစ်ဆေးမှုကို ရုပ်မြင်သံကြားမှ တဆင့် ကလေးငယ်၏မိဘများနှင့် အမှုလိုက်ပါဆောင်ရွက်သူ ရှေ့နေများ ကြည့်ရှုခွင့်ရခဲ့ကြောင်း ရှေ့နေများကဆိုသည်။
သတင်း၊ဓာတ်ပုံ - နန္ဒာ

No comments:

Post a Comment

My Blog List