Tuesday, September 10, 2019

နော်အုံးလှကို အင်းစိန်အကျဉ်းထောင်ကိုပို့

Image may contain: one or more people and people standing 
ရန်ကုန်တွင် ကရင်အာဇာနည်နေ့အခမ်းအနားဦးဆောင်ကျင်းပမှုကြောင့် ငြိမ်းစုစီဥပဒေပုဒ်မ ၂၀ဖြင့်တရားစွဲခံရသူ နော်အုံးလှကို ကျောက်တံတားမြို့နယ်တရားရုံးတွင်ယနေ့ ညနေ၂နာရီခန့်တွင် ပထမအကြိမ် ရုံးထုတ်ခဲ့သည်။
တရားခွင်တွင် တရားသူကြီးက အာမခံယူနိုင်ကြောင်းပြောသော်လည်း နော်အုံးလှက ၄င်းသည် မည်သည့်နေရာကိုမျှမထွက်ပြေးဘဲ ရန်ကုန်မြို့တွင်သာနေထိုင်ကြောင်း၊ အခုစွဲဆိုသောပုဒ်မနှင့်ပတ်သက်၍လည်း အပြစ်မရှိကြောင်းယူဆသဖြင့် အာမခံမယူဟု ငြင်းပယ်ခဲ့သည်။

လက်ရှိတွင် နော်အုံးလှကို အင်းစိန်အကျဉ်းထောင်သို့ပို့ဆောင်ထိန်းသိမ်းထားသည်။

သြဂုတ် ၁၂ရက်က ရန်ကုန် မြို့မဟာဗန္ဓုလပန်းခြံရှေ့တွင် ၆၉နှစ်မြောက် ကရင်အာ ဇာနည်နေ့အခမ်းအနားကို ကရင်တိုင်းသားသားများက ကျင်းပခဲ့သည်။

အမှုဖွင့်ခံထားရသူ သုံးဦးအနက် ယမန်နေ့ညပိုင်းက အလုံရဲစခန်းတွင်ရောက်ရှိနေသည့် နော်အုံးလှကို ကျောက်တံတားရဲတပ်ဖွဲ့ကလာရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။
ကျန်နှစ်ဦးကိုမူရဲတပ်ဖွဲ့က စုံစမ်းနေဆဲ ဖြစ်သည်။

Image may contain: 1 person 
Image may contain: 8 people, crowd and outdoor 
သတင်း၊ ဓာတ်ပုံ − စိုင်းကိုကိုထွန်း 
7Day   

No comments:

Post a Comment

My Blog List