Monday, September 09, 2019

အမြန်လမ်း၌ တောင်းအေ့စ်ကို ဟွန်ဒါဖစ်က နောက်မှဝင်တိုက်


စက်တင်ဘာ ၈ ရက် နံနက် ၄ နာရီ မိနစ် ၂၀ ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ရပ်နား ထားသည့် တောင်းအေ့စ်ယာဉ်ကို လားရာတူ မောင်း နှင်လာသည့် ဟွန်ဒါဖစ်ယာဉ်က နောက်မှဝင်တိုက် မိမှု ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ မှူးရုံးထံမှ သိရသည်။

နေပြည်တော်-ရန်ကုန်လမ်းပိုင်း မိုင်တိုင် အမှတ် ၁၁၈/၃ တွင် ယာဉ်မောင်း ဦးသန်းထွန်းရှိန် (၅၈) နှစ်မောင်းနှင်သည့် လမ်းမအစွန် ၃ ပေလမ်း တွင် ရပ်နားထားသည့် YGN 8G/----တောင်း အေ့စ်ယာဉ်ကို ယာဉ်မောင်း ကိုဇော်ဝင်းနိုင် အသက် (၄၀) မောင်းနှင်လာသည့်BGO 6L/----ဟွန်ဒါ ဖစ်ယာဉ်က အနောက်မှ တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တောင်းအေ့စ်ယာဉ်ပေါ်တွင် ယာဉ်မောင်းအပါ အမျိုးသား
ခြောက်ဦး၊ ကလေးတစ်ဦးနှင့် အမျိုးသမီးခုနစ်ဦး စုစုပေါင်း ၁၄ ဦးအနက် ယာဉ်မောင်းအပါ အမျိုးသားသုံးဦးနှင့် အမျိုးသမီးခြောက်ဦး စုစုပေါင်း ကိုးဦးတွင် ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး ဟွန်ဒါဖစ်ယာဉ်ပေါ်တွင် ယာဉ်မောင်းအပါ အမျိုးသားသုံးဦးအနက် ယာဉ်မောင်းမှာ ထိခိုက် ဒဏ်ရာ (စိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

အခင်းဖြစ်နေရာသို့ ဖြူးအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များ နှင့် အထောက်အကူပြုအဖွဲ့များသွားရောက် ကာကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် အမှုဖွင့်အရေးယူနိုင်ရေး စစ်ဆေးလျက်ရှိ ကြောင်း သိရသည်။

သတင်း - တင့်ဇော်ထွန်း
ဓာတ်ပုံ - အမြန်လမ်းရဲ

No comments:

Post a Comment

My Blog List