Tuesday, September 10, 2019

မြောက်ပိုင်းမဟာမိတ် လေးဖွဲ့နဲ့ ကျိုင်းတုံမှာ ဆွေးနွေးဖို့ အစိုးရအဆိုပြု


အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ လေးဖွဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမှာ ၂၀၁၉ သြဂုတ် ၃၁ ရက်နေ့က တွေ့ဆုံစဉ်
မြောက်ပိုင်းမဟာမိတ် လေးဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမှာ ကျင်းပဖို့ အစိုးရငြိမ်း ချမ်းရေးကော်မရှင်က အဆိုပြုလိုက်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့က ကျိုင်းတုံမှာကျင်းပခဲ့တဲ့ ဆွေးနွေးပွဲမှာ လာမယ့် စက်တင်ဘာလ ၁၆ ရက်နေ့နဲ့ ၁၇ ရက်နေ့တွေမှာ ထပ်မံဆွေးနွေးဖို့ နှစ်ဘက်သဘောတူခဲ့ပေမယ့် တွေ့ဆုံမယ့်နေရာကို ထပ်မံညှိနှိုင်းဖို့ ဆုံးဖြတ်ခဲ့ကြ တာဖြစ်ပါတယ်။
အစိုးရငြိမ်းချမ်းရေး ကော်မရှင်က တွေ့ဆုံပွဲကို ကျိုင်းတုံမှာ ကျင်းပဖို့ မနေ့က နေ့စွဲနဲ့ KIO/ AA/ TNLA/ MNDAA မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကို ဖိတ်ကြားလိုက်ပြီး ဆွေးနွေးပွဲတက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေရဲ့ လုံခြုံရေး ကို အပြည့်အဝ တာဝန်ယူကြောင်း ပြောဆိုထားတာတွေ့ရပါတယ်။
အစိုးရက ဆွေးနွေးပွဲကကို ကျိုင်းတုံမှာ ကျင်းပဖို့ ဖိတ်ကြားလိုက်တာနဲ့ ပတ်သက်ပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ ရဲ့ သဘောထားကို သိရဖို့ ပြောရေးဆိုခွင့်ရှိသူတွေကို ဆက်သွယ်ဖို့ RFA က ကြိုးစားနေပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့ကကျင်းပခဲ့တဲ့ ဆွေးနွေးပွဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ နယ်မြေ သတ်မှတ်မှုနဲ့ AA အဖွဲ့ကို ကချင်ပြည်နယ်မှာသာ အခြေချဖို့အဆိုပြုချက်တွေဟာ ပဏာမ အပစ်ရပ် လက်မှတ် ထိုးရေးအတွက် ညှိနှိုင်းမှုအဆင်မပြေဖြစ်ခဲ့တဲ့ အဓိက အချက်တွေ ဖြစ်ပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ AA/ TNLA/ MNDAA မဟာမိတ် ၃ ဖွဲ့နဲ့ တပ်မတော်တို့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့ကစပြီး ပြီးခဲ့တဲ့ အပတ်အထိ တိုက်ပွဲတွေ ပြင်ထန်ခဲ့ပါတယ်။
မနေ့ကတော့ မဟာမိတ် သုံးဖွဲ့က ရက် ၃၀ ကြာ တစ်ဖက်သတ် အပစ်ရပ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ တပ်မတော်ကလည်း လာမယ့် စက်တင်ဘာလ ၂၁ ရက်နေ့ထိ အပစ်ရပ်သက်တမ်းတိုးထားကြောင်း ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ဒီလို တပ်မတော်နဲ့ မဟာမိတ်အဖွဲ့တွေက အပစ်ရပ်ကြေညာထားတာကြောင့် နောက်တစ်ပတ်ထဲမှာ ကျင်းပမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တိုးတက်မှုတွေ ရှိလာနိုင်မယ်လို့ နှစ်ဖက်တာဝန်ရှိသူတွေက သုံးသပ်ကြပါတယ်။
RFA 

No comments:

Post a Comment

My Blog List