Wednesday, September 11, 2019

မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့နယ်ခွဲနှင့် အမ်းမြို့နယ်၊ မဲလက်မောင်း ကျေးရွာတို့၌ AA အကြမ်းဖက်သောင်းကျန်းသူများက အပြစ်မဲ့ အရပ်သားများအား သတ်ဖြတ်ခဲ့ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်


Image may contain: text

မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့နယ်ခွဲနှင့် အမ်းမြို့နယ်၊ မဲလက်မောင်း ကျေးရွာတို့၌ AA အကြမ်းဖက်သောင်းကျန်းသူများက အပြစ်မဲ့ အရပ်သားများအား သတ်ဖြတ်ခဲ့ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့နယ်ခွဲ၊ အလယ်ပိုင်း ရပ်ကွက်၊ ဈေးအတွင်း ယနေ့နံနက်ပိုင်းတွင် AA အကြမ်းဖက် သောင်းကျန်းသူများက ရက်ရက်စက်စက် ခေါင်း ဖြတ်သတ်ထားသည့် အမျိုးသားအလောင်း ၂ လောင်းအား တွေ့ရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ AA အကြမ်းဖက်သောင်းကျန်းသူများသည် ၎င်းတို့အဖွဲ့အား ထောက်ခံ အားပေးမှု မပြုဘဲ ရိုးသားစွာ လုပ်ကိုင်စားသောက်နေသော အပြစ်မဲ့ပြည်သူများဖြစ်သည့် သဲကမ်းတောင် ကျေးရွာနေ ဦးညီညီထွေး (ဘ)ဦးအောင်သူနှင့် ဦးမောင်လုံး(ဘ)ဦးယိုင်ထွန်းတို့ ၂ ဦးအား မင်းမဲ့စရိုက်ဆန်စွာ ရက်ရက်စက်စက်သတ်ပြီး အလောင်းများအား အလယ်ပိုင်းရပ်ကွက်ရှိ ဈေးအတွင်း လမ်းလေးခွဆုံ၌ ဦးခေါင်းများနှင့် နားရွက်များအား ဖြတ်ကာ ကိုယ်ခန္ဓာ အသီးသီးပေါ်တင်ထား ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
၎င်းအပြင် အမ်းမြို့နယ်၊ မဲလက်မောင်းကျေးရွာမှ ဦးခိုင်သည်မိသားစုနှင့် အတူနေအိမ်၌ အိပ်နေစဉ် စက်တင်ဘာ ၉ ရက် ည ၁၂ နာရီခန့်တွင် AA အကြမ်းဖက် သောင်းကျန်းသူ ၃ ဦး ရောက်ရှိလာပြီး ၄င်း၏ လည်ပင်းအား ဓားဖြင့်ခုတ်သတ်ခဲ့သဖြင့် လည်ပင်းခုတ်ဖြတ် ဒဏ်ရာဖြင့် နေအိမ်တွင်သေဆုံးခဲ့သည်။
အလားတူ ၂၀၁၉ ခုနှစ်၊ မတ် ၁၉ ရက်တွင် ပလက်ဝမြို့နယ်၊ ထရွန်အိုင်ကျေးရွာမှ အပြစ်မဲ့အရပ်သား ၁ ဦးအား ကျောက်တော်မြို့၊ ချမ်းမြေ့နဒီပန်းခြံဆိပ်ကမ်းရှိ စက်လှေဆိပ်၌ လည်းကောင်း၊ မတ် ၂၀ ရက်တွင် မြေပုံမြို့နယ်၊ စံညှင်းကျေးရွာမှ အပြစ်မဲ့အရပ်သား ၁ ဦး အား လည်းကောင်း၊ မတ် ၂၃ ရက်တွင် တိမ်ညိုရဲစခန်းမှူး ၁ ဦးအား လည်းကောင်း၊ မေ ၁ ရက်တွင် ကျောက်တော်မြို့နယ်၊ ပီကောက်ဝ (ရခိုင်)ကျေးရွာအတွင်း နေထိုင်သည့် တပ်မတော်မှ အငြိမ်းစား တပ်ကြပ်ကြီး ၁ ဦးအား လည်းကောင်း၊ ဩဂုတ် ၃ ရက်တွင် ကျောက်တော်မြို့နယ်၊ ဆင်အိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် သာဒါ ဆိပ်ကျေးရွာ ရာအိမ်မှူး တို့အား လည်းကောင်း၊ စက်တင်ဘာ ၁ ရက်တွင် ကျောက်တော်မြို့နယ်၊ ဝါးတောင် ကျေးရွာတွင် နေအိမ်၌ ဈေးရောင်း နေသည့် အပြစ်မဲ့အရပ်သား ၂ ဦးနှင့် ယိုးတရုတ် ကျေးရွာ ဈေးအတွင်း၌ ဈေးဝယ်နေသည့် ဒုရဲအုပ် ၁ ဦး တို့အား လည်းကောင်း AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ငယ်များ၊ ဓားများဖြင့် အကြောင်းမဲ့ ပစ်ခတ် ထိုးသတ်ခဲ့သည်ကို တွေ့ရှိရသည်။
AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၎င်းအဖွဲ့အား ထောက်ခံအားပေးမှု မရှိသည့် ဒေသခံပြည်သူများအား မကြာခဏ အကြောင်းမဲ့ သတ်ဖြတ်ခြင်း၊ တပ်မတော် စစ်ကြောင်း များနှင့် တပ်စခန်းများအား ရွာသားများအသွင်ဖြင့် အရပ်ဝတ်ဖြင့် တိုက်ခိုက်ခြင်း၊ အများပြည်သူအသုံးပြုလျက်ရှိသည့် လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက် ဖျက်စီးခြင်းစသည့် အကြမ်းဖက် လုပ်ရပ်များ ဆောင်ရွက်လျက်ရှိသည့်အပြင် ယခုကဲ့သို့ ပြည်သူလူထု ထိတ်လန့်ခြောက်ခြားအောင် ခြိမ်းခြောက် လုပ်ဆောင်မှုများကြောင့် ဒေသခံ ပြည်သူများအနေဖြင့် ၎င်းတို့အဖွဲ့အား များစွာကန့်ကွက် ရှုံ့ချလျက်ရှိကြောင်း သိရသည်။
Credit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

No comments:

Post a Comment

My Blog List