Tuesday, September 10, 2019

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဝန်ထမ်းများအတွက် လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အခန်းပေါင်း ၅၂၂ဝကို ထပ်မံဆောက်လုပ်မည်


ကျန်းမာရေးဝန်ကြီးဌာနက ဝန်ထမ်းများအတွက် တည်ဆောက် ပြီးစီးပြီဖြစ်သည့် ဝန်ထမ်းအိမ်ရာများကို တွေ့ရစဉ်
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဝန်ထမ်းများအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အခန်းပေါင်း ၅၂၂ဝကို ထပ်မံဆောက်လုပ်သွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၈ ရက်က ပဲခူးတိုင်းဒေသကြီးရှိ ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ထမ်းများနှင့် ပြည်ထောင်စုဝန်ကြီး တွေ့ဆုံစဉ် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျန်းမာရေးဝန်ကြီးဌာနအောက်က တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းတွေ တာဝန်ကျရာနေရာဒေသတွေမှာ နေထိုင်ရေး အဆင်ပြေစေဖို့ ဝန်ထမ်းအိမ်ရာနှစ်များအဖြစ် သတ်မှတ်ပြီး ဝန်ထမ်းအိမ်ရာဆောက်လုပ်ခြင်းနဲ့ ဝယ်ယူခြင်းတွေကို ဆောင်ရွက် ခဲ့ပါတယ်။ လက်ရှိအထိ အခန်းပေါင်း ၆၀၀၀  ကျော်ပြီးစီးခဲ့ပြီး အခန်းပေါင်း ၁၀၀၀၀ ကျော် က ဆောက်လုပ်ဆဲဖြစ်ပါတယ်။ လာမယ့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ အခန်းပေါင်း ၅၂၂၀ ကို ထပ်မံဆောက်လုပ်သွားမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။
ဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းအိမ်ရာ အဆောက်အအုံသစ်များကို ကုသရေးဦးစီးဌာနတွင် ၁၁၄၄ လုံး၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတွင် ၁၁၂လုံး၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာနတွင် ကိုးလုံး၊ ဆေး သုတေသနဦးစီးဌာနတွင် လေးလုံး၊ တိုင်းရင်းဆေးပညာဦးစီးဌာနတွင် ၂၈လုံး၊ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တွင် လေးလုံးနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတွင် ၇၁ လုံး၊ စုစုပေါင်းဝန်ထမ်းအိမ်ရာ အဆောက်အဦ ၁၃၇၃ လုံး၊ အိမ်ခန်းအရေ အတွက် ၆၇၃၆ ခန်းကို ဆောက်လုပ်ပြီးစီးခဲ့ ပြီးဖြစ်ကြောင်း သိရသည်။
ဝန်ထမ်းများအတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဝန်ထမ်းအိမ်ရာ အခန်းပေါင်း ၆၇၃၆ ခန်း တည်ဆောက်ပေးခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် အခန်း ၁၀၃၇၇ ခု ဆောက်လုပ်ပေးခဲ့ရာ အများစုမှာ လက်ရှိ ဘဏ္ဍာနှစ်အတွင်း ပြီးစီးခဲ့ခြင်းဖြစ်သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယခု ၂၀၁၉ ခုနှစ်ကိုလည်း ဝန်ထမ်းအိမ်ရာနှစ်အဖြစ် ဆက်လက်သတ်မှတ်၍ ဝန်ထမ်းအိမ်ရာများ ထပ်မံဆောက်လုပ်လျက်ရှိပြီး လက်ရှိ၌ ကျန်းမာရေးနှင့် အားက စားဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနအသီးသီးမှ ဝန်ထမ်းများအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဝန်ထမ်းအိမ်ရာပေါင်း ၈၃၀ ကျော်ဆောက်လုပ်ခဲ့ကြောင်း၊ လက်ရှိ ဆောက်လုပ်ခဲ့သည့် ဝန်ထမ်းအိမ်ရာများအနက် ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာန၊ ဆေးရုံ ဝန်ထမ်းနှင့်ကုသရေးပိုင်းမှ ဝန်ထမ်းများအတွက် အိမ်ရာပေါင်း ၁၉၅ ခု၊ အိမ်ခန်းပေါင်း ၂၂၅၄  ခန်း၊ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများ အတွက် အိမ်ရာပေါင်း၄၆ဝခု၊ အိမ်ခန်းပေါင်း ၂၄၂၈ ခန်း၊ ကျန်းမာရေးလူ့စွမ်းအား အရင်း အမြစ်ဦးစီးဌာနအတွက် အိမ်ရာပေါင်း ကိုးခု၊ အိမ်ခန်းပေါင်း ၂၁၂ ခန်း၊ ဆေးသုတေသန ဦးစီးဌာနအတွက် အိမ်ရာပေါင်းသုံးခု၊ အိမ်ခန်းပေါင်း ၃၂ ခန်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအတွက် အိမ် ရာပေါင်း ၄၄ ခု၊အိမ်ခန်းပေါင်း ၅၂၈ ခန်း၊ အားကစားနှင့် ကာယပညာဦးစီးဌာနအတွက် အိမ်ရာပေါင်း၁၂၃ ခု၊ အိမ်ခန်း ၅၂၃ ခန်းတို့ ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ၂၀၁၈-၂၀၁၉ ခုနှစ်ကို သတင်းအချက်နှစ် (Year of Data and Information) ဘဏ္ဍာနှစ် ရန်ပုံငွေများကို အကျိုးရှိစွာခွဲဝေသုံးစွဲသည့်နှစ် (Year of Budget) နှင့် ဝန်ထမ်းအိမ်ရာ ဦးစားပေး ဆောက်လုပ်သည့် နှစ် (Year of Staff housing) ဟု သတ်မှတ်လုပ်ဆောင်နေ ကြောင်း သိရသည်။
Eleven Media Group


No comments:

Post a Comment

My Blog List