Tuesday, September 10, 2019

လာမည့်ရုံးချိန်းတွင် ဗစ်တိုးရီးယားကိုမေးမြန်းမှု အဆင်ပြေစေရန် တရားရုံးကြိုတင်ပြင်ဆင်


လာမည့်ရုံးချိန်းတွင် ရင်းနှီးမှုရှိစေရန်ဗစ်တိုးရီးယားကို အုပ်ထိန်းသူများနှင့်အတူ  ဒက္ခိဏခရိုင်တရားရုံး၌ ယမန်နေ့က ပဏာမ မေးခွန်းအချို့ မေးမြန်းမှုအပါအ၀င် တစ်နာရီကျော်ကြာ ထိတွေ့ဆောင် ရွက်ခဲ့ကြောင်း သတင်းပြန်ကြားရေးအရာရှိ တရားသူကြီး ဒေါ်ဖြူဝင်း လတ်က ပြောသည်။

ရုံးချိန်းမတိုင်မီတရားရုံးနှင့်  ရင်းနှီးကျွမ်းဝင်စေရန် စက်တင်ဘာ ၉ ရက်ကဗစ်တိုးရီးယားနှင့်အတူ မိသားစုဝင်များ၊ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်နှင့် အဖော်ကလေးငယ် တစ်ဦးသည် နံနက် ၁၀ နာရီက စ၍ နေ့လယ် ၁၁ နာရီ ၂၁ မိနစ် အထိ တစ်နာရီကျော်ကြာ လာ ရောက်ခဲ့ခြင်းဖြစ်သည်။
‘‘ကလေးထားမယ့် အခန်းထဲမှာ ရင်းနှီးမှုရှိအောင်၊ ထိတွေ့မှုရှိအောင် ကစားစရာလေးတွေနဲ့ သူ့ကိုမေးမြန်းရမယ့် ပဏာမမေးခွန်းလေးတွေ မေးမြန်းကြည့်ပြီးတော့ ထိတွေ့ခွင့်ရအောင် လုပ်တဲ့ သဘောပါ’’ဟု ဒေါ်ဖြူဝင်းလတ်က ပြောသည်။
ဗစ်တိုးရီးယားအမှုကို လာ မည့် စက်တင်ဘာ ၁၁ ရက်တွင် ခြောက်ကြိမ်မြောက် ရုံးချိန်းအ ဖြစ် စစ်ဆေးမည်ဖြစ်သည်။   လာမည့် ရုံးချိန်းတွင် ဗစ်တိုးရီးယားကို မေးခွန်းမေးမြန်းမည်ဖြစ် သည်။
စက်တင်ဘာ ၁၁ ရက် ရုံးချိန်းတွင် ဗစ်တိုးရီးယားကို သီးသန့်အခန်းအတွင်း မိသားစုထဲမှ အုပ်ထိန်းသူတစ်ဦး၊ မေးခွန်းရှင်းပြမေးမြန်းမည့် တရားရုံးမှ အမျိုး သမီးဝန်ထမ်း တစ်ဦးနှင့်အတူ ထားရှိမည်ဖြစ်သည်။
 တစ်ဖက်အခန်းထဲတွင်မူ တရားသူကြီး၊ ဥပဒေအရာရှိ၊ နှစ် ဖက်ရှေ့နေများနှင့် စွပ်စွဲခံရသူ တရားခံအောင်ကြီးတို့ ရှိမည်ဖြစ် သည်။
ထို့နောက် ယူနီဆက်မှ ကူ ညီထားသည့် စက်ပစ္စည်းများကို တပ်ဆင်ထားပြီး ပရိုဂျက်တာ ထောင်ထား၍ စစ်ဆေးမည်ဖြစ် ၍ လူအများနှင့်လည်း ထိတွေ့စရာမရှိသည့်အတွက် ဗစ်တိုးရီးယားအတွက် လုံခြုံမှုရှိကြောင်း ဒေါ်ဖြူဝင်းလတ်က ပြောကြား သည်။
 ‘‘ဟိုဘက်ကလည်း ပရိုဂျက်တာ ထောင်ထားတဲ့အတွက်ကလေး ဘာတွေပြောတယ်၊ ဘယ်လိုတွေဆိုတာကို သိရတယ်၊ ကလေးအတွက်လည်း လုံခြုံမှု အပြည့်အ၀ရှိပါတယ်’’ဟု ၎င်းက ရှင်းပြသည်။
သို့သော် စစ်ဆေးမည့်နေ ရာသို့  ပြည်သူများ ၀င်ရောက်ခွင့် ရရှိမည်မဟုတ်ဘဲ အမှုနှင့်ပတ် သက်သူအချို့သာ ၀င်ခွင့်ပြုမည်ဖြစ်ကြောင်း ဒေါ်ဖြူဝင်း လတ်က ဆက်လက်ပြောသည်။
တရားသူကြီးဒေါ်ဖြူဝင်းလတ်က ရှင်းလင်းနေစဉ် (ဓာတ်ပုံ − ရဲနိုင်)  

No comments:

Post a Comment

My Blog List