Tuesday, March 29, 2016

ဖုန်းဘီလ်အခွန်ကောက်ခံမှုကို ခေါ်ဆိုသည့်အကြိမ်တိုင်းတွင် ဖြတ်တောက် သည့်စနစ်ဖြင့် ကောက်ခံမည်


မိုဘိုင်းဖုန်းအသုံးပြုသူများအား ကုန်သွယ်လုပ်ငန်းခွန် ၅ရာခိုင်နှုန်းကောက်ခံ ရာတွင် ဖုန်းအသုံးပြုသည့် မိနစ်အလိုက် ကျသင့်ငွေများအပေါ်တွင် ကောက်ခံမည်ဖြစ်ပြီး ဖုန်းဘီလ်များ ၀ယ်ယူဖြည့်သွင်းခြင်းအပေါ် ကောက်ခံမည် မဟုတ်ကြောင်း တယ်လီနော မြန်မာ အမှုဆောင်အရာရှိချုပ် ပတ်တာဖာဘတ်က ပြောသည်။

‘‘ဖုန်းဘီလ်တစ်ထောင် ဖြည့်မယ်ဆိုရင် တစ်ထောင်အတိုင်းပဲ အပြည့်ရမှာပါ။ အဲဒီအပေါ်မှာ ကောက်ခံဖို့ မရှိပါဘူး။ တကယ်လို့ အဲဒီထဲကနေ ဖုန်းတစ်မိနစ် ပြောမယ်ဆိုရင် ဖုန်းပြောခ ၁၈ ကျပ်အပြင် အခွန် ၅ ရာခိုင်နှုန်းကိုပါ ကောက်ခံမှာဖြစ်ပါတယ်’’ ဟုတယ်လီနောမြန်မာ အမှုဆောင်အရာရှိချုပ် ပတ်တာဖာဘတ်က အတည်ပြုပြောကြားသည်။
မိုဘိုင်းဖုန်း အသုံးပြုသူများအား အခွန်ကောက်ခံခြင်းကို ဖုန်းဘီလ်ဖြည့်သွင်း မှုအပေါ် ကောက်ခံမည်ဟု မူလက ကြေညာခဲ့သော်လည်း ဖုန်းအသုံးပြုသည့် ပမာဏ အပေါ်တွင် ကောက်ခံမည့်စနစ် ကိုသာ ပြောင်းလဲအသုံးပြုသွားမည် ဖြစ်၍ ဖုန်းဘီလ်ဖြည့်သွင်းပြီး စတင်အသုံးပြုမှသာ ၅ ရာခိုင်နှုန်း အခွန်ကို ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။ ဥပမာအားဖြင့် ဖုန်းတစ်ကြိမ်ခေါ်ဆို လျှင် သုံးမိနစ်ကြာမည်ဆိုပါက ယင်းမိနစ်ကုန်ကျငွေအပေါ် ၅ ရာခိုင်နှုန်း ဖြတ်တောက်မည့်ပုံစံဖြစ်သည်။
‘‘ဖုန်းအသုံးပြုတဲ့ ပမာဏပေါ်မူတည်ပြီး အခွန် ၅ ရာခိုင်နှုန်းကို တွဲကောက် မှာ ဖြစ်တဲ့အတွက် အရင်ကထက် ဖုန်းဘီလ်ကုန်တာ နည်းနည်းပိုမြန်တယ် လို့ ခံစားရ နိုင်ပါတယ်။ သုံးစွဲသူတွေဆီကရ တဲ့ အခွန် ၅ ရာခိုင်နှုန်းကို အစိုးရ ထံ လစဉ်ပေးသွင်းရမှာဖြစ်ပြီး ကျွန်တော်တို့အတွက် အကျိုးအ မြတ်တစ်စုံတစ်ရာရရှိမှာ မဟုတ်ပါဘူး’’ဟု ပတ်တာဖာဘတ်ကပြော ကြားသည်။
အခွန်ဥပဒေအသစ်အရ မို ဘိုင်းဖုန်းအသုံးပြုသူများထံမှ ကုန်သွယ်လုပ်ငန်း ခွန် ၅ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ကြောင်း ၂၀၁၅ မေလ ၁၈ ရက်တွင် အစိုးရက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်က တစ်နှစ်ဆိုင်း ငံ့ရန် ဆုံးဖြတ်ခဲ့၍ ၂၀၁၆ ဧပြီ ၁ ရက်၌ စတင်ကောက်ခံမည်ဖြစ်ကြောင်း ဆက်သွယ်ရေးအော်ပရေတာသုံး ခုစလုံးက ကြေညာထားသည်။
‘‘ကိုယ် ဖုန်းဘယ်နှမိနစ်ပြောလဲ။ ကိုယ်သုံးသလောက်ကိုပဲ အခွန်ဆောင်ရ မယ်ဆိုတာက ဖုန်းဘီလ်တစ်ထောင်ဖြည့်ပြီး ဘာမှမသုံးရသေးခင် အခွန် ၅ ရာခိုင်နှုန်းအရင် ဖြတ်သွားတာထက်စာရင် ကောင်းတဲ့အချက်ပါ။ သူတို့ရဲ့ အခွန်ကောက်တဲ့စနစ်နဲ့ အစိုးရကို ပြန်ပေးတဲ့အခါမှာ ပွင့်လင်းမြင်သာမှုရှိပြီး စနစ်ကျတဲ့ နည်းပညာတွေ နဲ့ လုပ်သွားရင်တော့ ပိုကောင်းပါ တယ်’’ဟု မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်အသင်း အတွင်းရေး မှူး ဦးမျိုးမြင့်ထွန်း က သုံးသပ်ပြော ကြားသည်။
‘‘တစ်ထောင်ဖြည့်လိုက်ရင် ၅ ရာခိုင်နှုန်း တန်းဖြတ်တာက တော့ သုံးတဲ့လူ တွေအတွက် ရှင်း ပါတယ်။ အခုလိုသုံးတဲ့ မိနစ်အ ပေါ်မှာပဲ ကောက်မယ်ဆို ရင် နည်း နည်းတော့ ရှုပ်သွားနိုင်ပါတယ်။ ဒါပေမဲ့ အော်ပရေတာတွေက ဈေးသက်သာတဲ့ Package Plan တွေ ချပေးမယ်ဆိုရင်တော့ အသုံး ပြုခကလည်း နည်းသွားမှာဖြစ်တဲ့ အတွက် အခွန်ဆောင်ရတာပိုပြီး သက်သာနိုင်ပါတယ်’’ဟု Smart Mobile အရောင်းဆိုင်ပိုင်ရှင် ကို အောင်ပိုင်ဟိန်းကပြောသည်။
7Day News Journal


No comments:

Post a Comment

My Blog List