Wednesday, March 30, 2016

သမ္မတသစ် ဦးထင်ကျော်အကြောင်း စာအုပ်ထွက်ရှိ


အချိန်ကိုက်၍ ပေါ်ထွက်လာသော စာအုပ်၏ မျက်နှာဖုံးပုံ ယနေ့ မတ်လ ၃၀ ရက် တွင် မြန်မာနိုင်ငံ၏ သမ္မတသစ် ဖြစ်လာသူ ဦးထင်ကျော်အ ကြောင်း ရေးထားသည့် စာအုပ်ထွက်ရှိလာကြောင်း သတင်းရရှိသည်။‘မြန်မာနိုင်ငံ၏ ကိုးဦးမြောက် နှင့် (၅၄)နှစ်အတွင်း ပထမဆုံး အရပ်သား သမ္မတ ဦးထင်ကျော်’ ဟု အမည်ပေးထားသည့် အဆိုပါ စာအုပ်ကို နေရီရီစာအုပ်တိုက်က တန်ဖိုး ၂,၃၀၀ ကျပ်ဖြင့် ပုံနှိပ် ထုတ်ဝေခြင်းဖြစ် သည်။
အဆိုပါစာအုပ်တွင် ကဗျာ ဆရာကြီး ကိုလေး(အင်းဝဂုဏ် ရည်)၏ ဂုဏ်ပြုကဗျာ၊ ဦးထင် ကျော်၏ ကိုယ်ရေးမှတ်တမ်း၊ ဖခင်ဆရာကြီး မင်းသုဝဏ်၏ ကိုယ်ရေးမှတ်တမ်း၊ ဇနီးဒေါ်စုစု လွင်၏ ကိုယ်ရေးမှတ်တမ်း၊ ဒေါ် စုစုလွင်၏ဖခင် ဒီချုပ်ပါတီ ၁၉၉၀ ရွေးကောက်ခံ ကိုယ်စားလှယ်နှင့် ဒီချုပ်ဗဟိုအလုပ်အမှုဆောင်၊ ပြောရေးဆိုခွင့်ရှိသူ ဦးလွင်၏ ကိုယ်ရေးမှတ်တမ်း၊ ဦးထင်ကျော် (ဒလဘန်း)အမည်ဖြင့် ရေးခဲ့သော စာနှစ်ပုဒ်၊ ပိတောက်ပွင့်သစ်မဂ္ဂဇင်းပါ ဦးထင်ကျော်နှင့်တွေ့ဆုံခြင်းနှင့် မောင်သစ်လွင် (လူထု)၊ ခင်စောတင့်၊ ညီပုလေး၊ မိုဃ်းလင်း၊ ကိုဝ၊ ပြည်သွေးနိုင်၊ အံ့မောင်၊ မောင်စိမ်းနီတို့၏ ကဗျာ၊ ဆောင်းပါးများပါဝင် ကြောင်း သိရသည်။

ယခုစာအုပ်နှင့်ပတ်သက်၍ ဘ၀တစ်လျှောက်လုံး အနေအ ထိုင်သိုသိပ် အေးဆေးပြီး ပုဂ္ဂိုလ်ရေးရာအကြောင်း ထုတ်ဖော်ပြော ခဲသည့် ဦးထင်ကျော် ၏ ပကတိ အခြေအနေတစ်ရပ်ကို ပြည်သူများအထိုက်အလျောက် သိရှိနိုင် ကြောင်း စာရေးဆရာတစ်ဦးက ပြောကြားသည်။

7Day News Journal


No comments:

Post a Comment

My Blog List