Monday, March 28, 2016

ဧပြီ ၁ ရက်တွင် စတင်ကောက်ခံမည့် ဖုန်းခွန်မှာ အသုံးပြုခ ကျသင့်ငွေထဲမှ ကောက်ခံသွားရန်ရှိ


၂၀၁၆ ဧပြီ ၁ ရက်တွင် စတင် ကောက်ခံမည့် ဖုန်းခွန်မှာ အသုံးပြုခ ကျသင့် ငွေထဲမှ နုတ်ယူကောက်ခံသွားရန် ရှိနေကြောင်း သိရသည်။ သုံးစွဲသူအချို့ အနေဖြင့် ဖုန်းဘီလ်ထဲမှ ဖြတ်တောက်ကောက်ခံမည်ဆိုပါက ဖုန်းခွန်ဆောင် ရခြင်းမှ ရှောင်လွှဲနိုင်ရန် ဧပြီ ၁ ရက်မတိုင်မီ ဖုန်းဘီလ်သောင်းချီအထိ ကြိုတင် ဖြည့်သွင်းထားရန် ပြင်ဆင်နေသူများ ရှိနေသည်။ သို့သော် ယင်းမှာ အသုံးပြုခ ကျသင့်ငွေထဲမှ နုတ်ယူaကာက်ခံမည် ဆိုပါက ထူးခြားမည် မဟုတ်ကြောင်း သိရသည်။
“တယ်လီနော ထုတ်ပြန်ထားသလိုပဲ ကျသင့်ငွေထဲကနေ အခွန်ကို ဖြတ် တောက်ကောက်ခံသွားဖို့ ပိုများပါတယ်။ ဒီလိုမျိုးဖြစ်ဖို့ System ထဲကို ထည့်ရမှာဖြစ်ပြီး အခုထိတော့ ဒါကို လုပ်ဆောင်နေတုန်း ဖြစ်ပါတယ်။ MEC နဲ့ ကြိုးဖုန်းတွေလည်း ပါဝင်ပြီး သူတို့လည်း ဆောင်ရမှာ ဖြစ်ပါတယ်။ ဒါဆောင်ရလို့ ၀န်ထုပ်ဝန်ပိုးဖြစ်မှာ ပူစရာမလိုပါဘူး။ အော်ပရေတာ အသီး သီးက ပရိုမိုးရှင်းတွေ လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ MPT မှာ ဆိုရင်လည်း ငါးမိနစ်စာပဲ ပေးစတဲ့ ပရိုမိုးရှင်းတွေ လုပ်ပေးနေတာပဲ ဖြစ်ပါတယ်။ အသုံးပြုခထဲကနေ အခွန်ကောက်ခံတဲ့အခါ အင်တာနက် သုံးတာတွေ၊ Package Plan ယူတာတွေကိုလည်း ကောက်ခံသွားမှာပဲ ဖြစ်ပါတယ်” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဦးသိန်းဟုတ်က မတ် ၂၆ ရက်တွင် ပြောကြားသည်။
တယ်လီနောနှင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတို့၏ ဖြေကြားချက်အရ ယခုကောက်ခံမည့်ပုံစံမှာ ဖုန်းဘီလ်ဖြည့်သွင်းချိန်တွင် ကောက်ခံဦးမည် မဟုတ်ဘဲ သုံးစွဲပြီးချိန်၌သာ ကောက်ခံမည့်ပုံစံ ဖြစ်ဖွယ်ရှိကြောင်း သိရသည်။ ဥပမာ-ဖုန်းငါးမိနစ်စာ ပြောခြင်းအတွက် ၁၂၅ ကျပ်ကျသင့် မည်ဖြစ်ရာ အခွန်မှာ ၆ ဒသမ ၂၅ ကျပ်ကို ကောက်ခံမည့် ပုံစံမျိုးဖြစ်ကြောင်း သိရသည်။ အူရီဒူးကမူ ကောက်ခံမည့် ပုံစံနှင့် ပတ်သက်၍ အတည်ပြုခြင်း မရှိပေ။

ဆက်သွယ်ရေး အော်ပရေတာများ အနေဖြင့် ၂၀၁၆ မတ် ၂၅ ရက်တွင် သုံးစွဲသူများထံသို့ မက်ဆေ့ခ်ျ ပေးပို့ကာ အသိပေးလျက်ရှိသည်။
မိုဘိုင်းဖုန်း သုံးစွဲသည့်အခါ ကျသင့်ငွေများတွင် ထည့်သွင်း ကောက်ခံသွား မည်ဖြစ်ပြီး သုံးစွဲသူများကိုယ်စား ဖုန်းအော်ပရေတာများက နိုင်ငံတော် အစိုးရကို ပေးသွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List