Tuesday, March 29, 2016

ဒေါ်အောင်ဆန်းစုကြည်ကို အသရေဖျက်ခဲ့သူအား အလုပ်ကြမ်းနှင့် ထောင်ဒဏ်ခြောက်လချ


ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကို ညစ်ညမ်းပုံဖန်တီးကာ အသရေဖျက်ခဲ့သည့် ကန်ကြီး ထောင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းထွန်းအား ပြစ်မှုထင်ရှားသဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ခြောက်လကျခံရန် မြို့နယ်တရားရုံးက အမိန့်ချမှတ်ခဲ့သည်။

‘‘ကျွန်တော့်အနေနဲ့ ဘာမှ ပြောစရာမရှိပါဘူး။ အယူခံဝင်ဖို့ ကလည်း မသေချာသေးဘူး။ တရားရုံးက ချမှတ်တဲ့အမိန့်ပဲ နာခံရ မှာပေါ့’’ဟု တရားရုံးမှထွက်လာစဉ် ဦးသန်းထွန်းကပြောသည်။
ရွေးကောက်ပွဲမတိုင်မီကတည်းက ဦးသန်းထွန်းသည် ဒေါ်အောင်ဆန်းစု ကြည် အား အသရေ ဖျက်ထားသည့်ပုံကို ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် တင်ခဲ့သဖြင့် ကန် ကြီးထောင့်မြို့နယ် ဒီချုပ်ပါတီဝင် ဦးစည်သူအောင်က ၂၀၁၅ ဒီဇင်ဘာတွင် စတင်တရားစွဲခဲ့သည်။
ယင်းနောက် ဦးသန်းထွန်းကို ပုသိမ်အကျဉ်းထောင်တွင် ဖမ်းဆီးထားခဲ့ သည်။ ရုံးချိန်းပေါင်း ၁၅ ကြိမ်ကြာ နှစ်ဖက်သက်သေများ စစ်ဆေးကြားနာ ခဲ့ပြီး တရား ရုံးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ် သည်။ ဦးသန်းထွန်းသည် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်ကို မဖွယ်မရာပုံဖန်တီးသူ များအနက် ပထမဆုံး တရားစွဲဆို အကျဉ်းကျခံရသူ တစ်ဦးလည်း ဖြစ်သည်။
ဦးသန်းထွန်းကို အမိန့်ချသည့်နေ့တွင် တရားရုံးသို့ ဒီချုပ်ပါတီနှင့် ပြည်ခိုင်ဖြိုး ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီဝင်များ၊ စိတ်ပါဝင်စားသည့် ပြည်သူများ လာရောက်နားထောင်ခဲ့ ကြသည်။
7Day News Journal


No comments:

Post a Comment

My Blog List