Monday, March 28, 2016

နိုင်ငံအရေးအကျဉ်းသားများနှင့် ဖမ်းဆီးခံကျောင်းသားများ အမြန်ဆုံး လွှတ်ပေးရေး ဗကသကျောင်းသားများက စာများ ဖြန့်ဝေတောင်းဆို


နိုင်ငံရေးအကျဉ်းသားများနှင့် ဖမ်းဆီးခံကျောင်းသားများ အမြန်ဆုံးလွှတ်ပေး ရန် မန္တလေးမြို့ဈေးချိုနှင့် မန္တလေးတက္ကသိုလ်ရှေ့တို့တွင် ဗကသကျောင်း သားများက စာများ ဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိသည်။ မတ်လ ၂၇ ရက်က ဈေးချို နှင့် မန္တလေးတက္ကသိုလ်ရှေ့တို့ တွင် ကျောက် ဆည်နှင့် မန္တလေးခရိုင်ရှိ ဗကသကျောင်းသားများက ဦးဆောင်၍ နိုင်ငံရေးအကျဉ်းသား များ ချက်ချင်းလွှတ်၊ ဒီမိုကရေစီ ပညာရေး ဒို့အရေး၊ ဒို့အရေးဟု ရေးသားထားသည့် စာရွက်များ ဖြန့်ဝေခဲ့ကြောင်း ကျောက်ဆည် တက္ကသိုလ် ကျောင်းသားသမဂ္ဂ ကိုသာအေးက ပြောသည်။
‘‘အဓိကကတော့ ဖက်ဆစ် တော်လှန်ရေးနေ့အထိမ်းအမှတ် အနေနဲ့ လုပ်တာဖြစ်တယ်။ ကျောင်းသားတွေဆိုရင် ရုံးချိန်း ပေါင်း ၅၀ ကျော်နေပြီ။ ဘာမှ သေချာတိကျတဲ့ အဖြေမရသေး ပါဘူး။ မရမချင်းလည်း ကျွန်တော်တို့ ဆက်ပြီး လုပ်သွားမှာပါ’’ဟု ကျောင်းသားသမဂ္ဂ ကိုသာအေး က ဆိုသည်။

မကြာမီတာဝန်လွှဲပြောင်း ယူမည့် အစိုးရသစ်အနေဖြင့် နိုင်ငံရေးအကျဉ်း သားများနှင့် ဖမ်းဆီး ခံကျောင်းသားများကို အမြန်ဆုံး လွှတ်ပေးရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း ဗကသကျောင်း သားများက ပြောသည်။

7Day News Journal

No comments:

Post a Comment

My Blog List