Tuesday, March 29, 2016

အရေးပေါ်အခြေအနေကြေညာချက် ရုပ်သိမ်းခြင်း


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ်၊ ၁/၂၀၁၆
၁၃၇၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက်
(၂၀၁၆ ခုနှစ်၊ မတ်လ ၂၈ ရက်)
အရေးပေါ်အခြေအနေကြေညာချက် ရုပ်သိမ်းခြင်း
၁။ ရခိုင်ပြည်နယ်အတွင်း ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးအန္တရာယ်ပြုမည့် အခြေအနေပေါ်ပေါက်သဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၂၊ ပုဒ်မခွဲ (က) အရ ဥပဒေ ကဲ့သို့ အာဏာတည်သော အမိန့်အမှတ်၊ ၁/၂၀၁၂ ဖြင့် အရေးပေါ် အခြေအနေ ကြေညာခဲ့ပါသည်။
၂။ ယခုအခါ ရခိုင်ပြည်နယ်အတွင်း၌ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ကို ထိပါး အန္တရာယ်ပြုမည့် အခြေအနေ မရှိတော့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ တင်ပြချက်အရ တွေ့ရှိရသဖြင့် ရခိုင်ပြည်နယ်အတွင်း အရေးပေါ် အခြေ အနေကြေညာခဲ့သည့် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ်၊ ၁/၂၀၁၂ ကို ယနေ့မှစ၍ ရုပ်သိမ်းလိုက်သည်။

(ပုံ)သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်





No comments:

Post a Comment

My Blog List