Tuesday, March 29, 2016

တရုတ်သမ္မတထံအိတ်ဖွင့်ပေးစာကြောင့် ပြည်ပရောက်တရုတ်တွေရဲ့ ဆွေမျိုးတွေကို ဖမ်းဆီးထိန်းသိမ်း


သမ္မတရှီကျင့်ဖျင်ကိုပြစ်တင်ဝေဖန်ထားတဲ့အိတ်ဖွင့်ပေးစာတစ်စောင်ကိုဖြန့်ဝေမှုဖြစ်ပွားခဲ့ပြီးနောက် ပြည်ပမှာနေထိုင်ကြတဲ့ အစိုးရနဲ့သဘောကွဲလွဲသူ တွေရဲ့ဆွေမျိုးတွေကို တရုတ်အာဏာပိုင်တွေက ဖမ်းဆီးထိန်း သိမ်းခဲ့တယ်လို့ သိရပါတယ်။
အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်အာဏာပိုင်တွေက ဂျာမနီအခြေစိုက် သတင်းထောက်ချန်ပင်းရဲ့ ညီနှစ်ဦးနဲ့ညီမတစ်ဦးကို နိုင်ငံကောင်းစားဖို့ အတွက်သမ္မတရှီကျင့်ဖျင်ရာထူးမှနုတ်ထွက်ရေးတောင်းဆိုတဲ့ အမည်မဖော် တဲ့စာတစ်စောင်ရေးသားခဲ့ရာမှာပါဝင်ပတ်သက်ခဲ့မှုသံသယနဲ့ ဖမ်းဆီးထိန်း သိမ်းခဲ့တယ်လို့ ချန်ပင်း ကပြောပါတယ်။

သူက သတင်းဆောင်းပါးနဲ့အင်တာဗျူးတစ်ခုမှာ အဲသည့်စာအကြောင်းထည့် သွင်းဆွေးနွေးခဲ့ပြီးနောက် တရုတ်ပြည်မှာရှိနေတဲ့ ဆွေမျိုးအတော်များ များကို စုံစမ်းစစ်ဆေးတာ၊အနိုင်ကျင့်တာ၊ခြိမ်းခြောက်တာတွေဖြစ်လာ ခဲ့တယ်လို့ ချန်ကပြောပါတယ်။

တရုတ်ကွန်မြူနစ်ပါတီအပေါ်ပြစ်တင်ဝေဖန်မှုဖြန့်ဝေတာတွေရပ်တန့်ဖို့ သူ့ကိုတောင်းဆိုပေးဖို့ ၎င်းတို့ကို အာဏာပိုင်တွေကစေခိုင်းထားပြီး သည်လိုမှမဟုတ်ရင် သူ့ရဲ့မိသားစုတွေကိုစွဲချက်တင်ဖို့ အစိုးရကကြိုးစားလိမ့် မယ် လို့ ချန်ကပြောခဲ့ပါတယ်။

နာမည်ကျော် ခေတ်ပြိုင်ရေးရာတိုက်ရိုက်ထုတ်လွှင့်အစီရင်ခံသူတစ်ဦးဖြစ်တဲ့ ချန်ဟာ Southerm Weekend သတင်းစာမှာ အကြီးတန်းသတင်းထောက် လုပ်ခဲ့ဖူးသူဖြစ်ပြီး အစိုးရကိုပွင့်လင်းမြင်သာမှုနဲ့တာဝန်ယူမှု ပိုရှိလာဖို့ တောင်းဆိုခဲ့တာတွေအတွက် ချိုးနှိမ်ဖိအားပေးခံခဲ့ရပြီးနောက် ဂျာမနီကို ပြောင်းရွှေ့သွားခဲ့သူဖြစ်ပါတယ်။

ချန်ရဲ့မိသားစုဖမ်းဆီးခံရတာဟာ ရှီကိုပြစ်တင်ဝေဖန်တဲ့စာနဲ့ပတ်သက်တယ် လို့ယူဆရတဲ့သူတွေကို ရည်ရွယ်တဲ့ ခြိမ်းခြောက်ခိုင်းစေတဲ့လှုပ်ရှားမှုတစ်ခုရဲ့ အခုနောက်ဆုံးသာဓက တစ်ခုဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က နယူးယောက် အခြေစိုက် ဝမ်ယွန်ချောင်ရဲ့မိသားစုဝင်သုံးဦးကို တောင်ပိုင်းကွမ်းတုန်ပြည် နယ်အာဏာပိုင်တွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

ချန်နဲ့ဝမ်တို့ နှစ်ဦးစလုံးကတော့ သည်စာနဲ့ပတ်သက်မှုမရှိဘူးလို့ငြင်းဆိုထား ပါတယ်။ သည်စာကိုတင်ထားခဲ့တဲ့ အစိုးရနောက်ခံဝဘ်ဆိုက်တစ်ခုဖြစ်တဲ့ Wutjie News ရဲ့ ဝန်ထမ်းအဖွဲ့ဝင်လေးဦးဟာလည်း ပြီးခဲ့တဲ့အပတ် ကတည်းက ပျောက်ဆုံးနေတယ်လို့ သတင်းထောက်တစ်ဦးက အေအက်ဖ်ပီကိုပြောပါတယ်။

ရရှိထားတဲ့သတင်းတွေအရ ပတ်သက်မှုရှိတဲ့ နည်းပညာဝန်ထမ်း ၁၀ ဦးကိုလည်းဖမ်းဆီးထားတယ်လို့ သိရပါတယ်။ သည်စာက အာဏာချုပ် ကိုင်ထားမှု၊ စီးပွားရေးကိုလွဲမှားစွာကိုင်တွယ်စီမံမှု ၊အယူအဆပိုင်းဆိုင်ရာ ထိန်းချုပ်မှုတွေတင်းကျပ်တာတွေအတွက် ပြစ်တင်ကြိမ်းမောင်းထားတာဖြစ် ပါတယ်။

တရုတ်ဂျာနယ်လစ် ကျာကျာကိုလည်း ပြီးခဲ့တဲ့အပတ်က သောကြာနေ့ညနေ အဲသည့်စာမထုတ်ပြန်မီ ဟောင်ကောင်ကိုသွားရောက်မယ့်လေယာဉ်ခရီးစဉ် မတိုင်မီ ဘေဂျင်းလေဆိပ်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ 

ထိပ်တန်းခေါင်းဆောင်တွေအပေါ် မီဒီယာမှပြစ်တင်ဝေဖန်မှုတွေဆိုတာ သတင်းလွတ်လပ်ခွင့်အပေါ် အာဏာရကွန်မြူနစ်ပါတီက တင်းကျပ်တဲ့ ချုပ်ကိုင်ထားတဲ့ တရုတ်နိုင်ငံမှာ မကြားရသလောက်ကို ရှားပါးလှပါတယ်။

ဘာသာပြန် - ယွန်းစန္ဒီနန်းမွန်
Ref: AFP

Kumudra

No comments:

Post a Comment

My Blog List