Monday, March 28, 2016

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ်ဦးညီပုကိုခန့်အပ်ကြောင်းကြေညာပြီးနောက် ရခိုင်အမျိုးသားပါတီကိုယ်စားလှယ်များ သပိတ်မှောက်



ယနေ့(မတ်လ ၂၈ရက်)နံနက်က ကျင်းပခဲ့သော ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဦးညီပုကို ခန့်အပ်လိုက် ကြောင်း ကြေညာပြီးချိန်၌ ရခိုင်အမျိုးသားပါတီမှ လွှတ်တော်ကိုယ်စားလှယ် များက လွှတ်တော်ခန်းမအတွင်းမှ ထွက်ခွာကာ သပိတ်မှောက်ခဲ့ကြောင်း သတင်းရရှိသည်။
လွှတ်တော်အစည်းအဝေးခန်းမတွင်းတွင်လည်း အဆိုပါ လွှတ်တော်ကိုယ်စား လှယ်များက ရင်ဘတ်တွင် တိပ်အမည်းများကပ်ထားကာ ကန့်ကွက်ကြောင်း ဖော်ပြခဲ့ကြကြောင်း သတင်းရရှိသည်။

ရခိုင်အမျိုးသားပါတီအနေဖြင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခွင့်ရရှိရန်လိုလားနေကြပြီး ပြည်နယ်အစိုးရ အဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခွင့်မရပါကအတိုက်အခံပါတီအဖြစ်ရပ်တည် သွားရန် သဘောထားကြေညာချက်အမှတ် ၁/၂၀၁၆ ကို ထုတ်ပြန်ထား သည်။

နိုင်ငံတော်သမ္မတသစ် ဦးထင်ကျော် က ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဦးညီပု အား အဆိုပြုထားသည့် သတင်းများ မတ်လ ၂၇ ရက်က ထွက်ပေါ်လာပြီး နောက် ရခိုင်အမျိုးသားပါတီ၏ အရေးပေါ်အစည်းအဝေးတစ်ရပ်ကို မတ် ၂၇ ရက် ညနေပိုင်း၌ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဓာတ်ပုံ - Aungzone Minthar
7Day News Journal


No comments:

Post a Comment

My Blog List