Tuesday, March 29, 2016

နိုင်သက်လွင်အား ပါတီကိုအသိမပေးဘဲ တိုင်းရင်းသားရေးရာ ၀န်ကြီး ခန့်အပ်သည့်အပေါ် မွန်အမျိုးသားပါတီမှ ကြေညာချက်ထုတ်ပြန်မည်


မွန်အမျိုးသားပါတီမှ နိုင်သက်လွင်အား အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ တိုင်းရင်းသားရေးရာ ၀န်ကြီးအဖြစ် ခန့်အပ်ခဲ့မှုအပေါ် မွန်အမျိုးသားပါတီမှ ကြေညာချက် ထုတ်ပြန်ရန် ရှိနေကြောင်း သိရသည်။ အဆိုပါ ထုတ်ပြန်ချက်ကို လာမည့် ဧပြီလ ၂ ရက်နေ့တွင် ပြုလုပ်မည့် မွန်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းဝေးအပြီးတွင် ထုတ်ပြန် မည်ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေဖြင့် ပါတီဝင် တစ်ဦးတစ်ယောက် ကို တာဝန်ပေး ရွေးချယ်သည့်အခါတွင် ပါတီကို ဦးစွာ ကမ်းလှမ်းဆွေးနွေး သင့်သော်လည်း ပျက်ကွက်ခဲ့သည့်အပေါ် မွန်အမျိုးသားပါတီအနေဖြင့် ကသိကအောက် ဖြစ်ရုံကလွဲ၍ နိုင်သက်လွင်ကိစ္စကို ကန့်ကွက်စရာ အကြောင်းမရှိကြောင်း အထွေထွေအတွင်းရေးမှူး နိုင်လယိတမ က The Ladies သို့ပြောသည်။

ပြည်ထောင်စုအစိုးရ တစ်ဖွဲ့လုံးအပေါ်မှာ ကျွန်တော်တို့သဘောထား ထုတ်ပြန်ရမှာပါ နိုင်သက်လွင် အတွက်လို့တော့ မဟုတ်ပါဘူး၊ နိုင်သက်လွင် ကို ပါတီက ထုတ်ပယ်ဖို့မရှိဘူး” ဟုလည်း နိုင်လယိတမက ပြောသည်။

မွန်အမျိုးသား ပါတီအနေဖြင့် ရွေးကောက်ပွဲ အကြိုကာလတွင် လွှတ်တော် အတွင်း ရောက်ပါက အတိုက်အခံပါတီ အဖြစ်သာ ရပ်တည်မည်ဟု ကြေညာ ထားခဲ့ပါသည်။ ယခုကဲ့သို့ မွန်အမျိုးသားပါတီအတွက် ဘဏ္ဍာရေးကဏ္ဍတွင် အရေးပါသည့် နိုင်သစ်လွင်အား အစိုးရအဖွဲ့ဝန်ကြီး အဖြစ် ခန့်အပ်ခဲ့မှုမှာ ပါတီစည်းမျဉ်းအရ ကြည့်ပါက နုတ်ထွက်ခိုင်းသည်အထိ လုပ်နိုင်သော်လည်း ယင်းသို့ ပြုလုပ်ရန် ခက်ခဲဖွယ်ရှိနေသဖြင့် ထုတ်ပြန်ချက် ထုတ်ရန် စီစဉ်နေခြင်း ဖြစ်သည်ဟု မွန်နိုင်ငံရေးလေ့လာသူအချို့က သုံးသပ်သည်။

“အခုအနေထားက မွန်အမျိုးသားပါတီအတွက် ခက်ခဲနေတယ်။ ပါတီမှာ အစိုးရအဖွဲ့နဲ့ ပတ်သက်လို့ တာဝန်ယူခဲ့ရင်ဆိုပြီး မူဝါဒက ချထားတာ မရှိဘူး။ တစ်ဖက်မှာလည်း ရွေးကောက်ပွဲတုန်းက အတိုက်အခံ လုပ်မယ်ဆိုပြီး ကြေညာထားသေးတယ်။ အဲဒီတော့ အစည်းဝေးထိုင်ပြီး အကုန်လုံးကို ခြုံငုံပြီး ထုတ်ပြန်ချက် ထုတ်မယ်ထင်တယ်’ ဟု သံလွင်တိုင်မ်း ဂျာနယ်မှ အယ်ဒီတာချုပ် ကိုမင်းလတ်က သုံးသပ်သည်။

ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီပါတီ အနေဖြင့် ၄င်း၏ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် တခြားနိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များအား ကမ်းလှမ်းမှုများ ရှိခဲ့ပြီး ပါတီအလိုက် ကမ်းလှမ်းခြင်း မဟုတ်သည့်အတွက် ရခိုင်အမျိုးသားပါတီ ၊ ပြည်ခိုင်ဖြိုး အစရှိသော ပါတီများတွင် ပါတီတာဝန် ရှိသူ အချင်းချင်း ရာထူးလက်ခံသူနှင့် လက်မခံသူများအကြား ကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ပါသည်။ ရခိုင်အမျိုးသားပါတီဆိုလျှင် ဗဟိုအလုပ်အမှုဆောင် ၆ ဦးကို ထုတ်ပယ်ခဲ့သည်။

မွန်အမျိုးသားပါတီအနေဖြင့် ကြေညာချက် ထုတ်ပြန်ရန် ရှိနေသော်လည်း အန်အယ်လ်ဒီအစိုးရကိုမူ အတိုက်အခံ လုပ်မည် မဟုတ်ဘဲ သမ္မတ ဦးထင်ကျော် အစိုးရကိုလည်း ကြိုဆိုကြောင်း ပါတီ အထွေထွေ အတွင်းရေး မှူး နိုင်လယိတမက ပြောသည်။

ဇော်မင်းထွန်း
The Ladies News

No comments:

Post a Comment

My Blog List