Tuesday, March 29, 2016

ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ မြေယာတင်ဒါ ချပေးမှုများအပေါ် ဇေကမ္ဘာ ဦးခင်ရွှေ ဝေဖန်


ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပုဂ္ဂလိက လုပ်ငန်းများကို မြေယာ တင်ဒါများ ချပေးရာတွင် ပွင့်လင်းမြင်သာမှု မရှိဟု ဇေကမ္ဘာ ဆောက်လုပ် ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဦးခင်ရွှေက ဝေဖန်ပြောကြားသည်။ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ မလစ်ကျေးရွာ အုပ်စုရှိ မြေဧရိယာ ဧက ၅၅ဝ ခန့်အပေါ်တွင် တည်ထောင်မည့် ပုဂ္ဂလိကပိုင် အသေးစား စက်မှုဥယျာဉ် (Light Industrial Park)နှင့်ပတ်သက်၍ တင်ဒါခေါ်ယူခဲ့ရာ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီအုပ်စုလီမီတက်က ယင်းတို့၏ပြိုင်ဘက် ကုမ္ပဏီ Excellent Fortune Construction ထက် အစိုးရသို့ ပေးသွင်းငွေ ၁၄ ဆ ပိုမိုပြီး တင်ဒါစည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီသော်လည်း တင်ဒါရှုံးနိမ့်ခဲ့သဖြင့် အစိုးရအဖွဲ့၏ တင်ဒါခေါ်ယူမှု အပေါ် စဉ်းစားစရာဖြစ်ခဲ့ကြောင်း ၎င်းကဆိုသည်။
“တင်ဒါဆိုတာ အစိုးရက သူ့မြေပိုင်ရှိလို့ အဲ့မြေပေါ် လုပ်ကိုင်ခွင့်ပေးဖို့ ပုဂ္ဂလိကကို တင်ဒါခေါ်တာ။ အခုက ဘာဖြစ်လဲဆိုတော့ ချိပ်ပိတ်တင်ဒါ ခေါ်ပြီး ဟိုဘက်ကုမ္ပဏီက မြေပိုင်ရှိလို့ တင်ဒါအောင်တယ်လို့ ပြောတယ်။ အဲ့မြေမှာ အစတည်းက ပိုင်ရှင်ရှိနေလည်း ဘာလို့ တင်ဒါခေါ်နေသေးလဲ။ ပွင့်လင်းမြင်သာမှု လုံးဝမရှိဘူး”ဟု ၎င်းကဆိုသည်။

လက်ရှိအချိန်တွင် ယင်းစီမံကိန်းမြေပေါ်၌ Excellent Fortune Construction က လုပ်ကိုင်ခွင့်ရထားပြီး အဆိုပါ တင်ဒါသည် ပွင့်လင်း မြင်သာမှု မရှိသောကြောင့် ကန့်ကွက်သည့်စာကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ထားကြောင်း၊ အစိုးရသစ် တက်လာလျှင်လည်း ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီအုပ်စုမှ အုပ်ချုပ်ရေးအရာရှိချုပ် ဗိုလ်မှူးနှင်းဇော်က ပြောဆိုသည်။
ပုဂ္ဂလိက တင်ဒါများခေါ်ယူရာတွင် တင်ဒါစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြောင်း၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ အုပ်စုအနေနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အား စီမံကိန်းမြေများကို သိမ်းခိုင်းသည့် သဘောဖြစ်နေ၍ တင်ဒါမအောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း တင်ဒါခေါ်ယူ စိစစ်ရေး အဖွဲ့ခေါင်းဆောင် တိုင်းဒေသကြီးအစိုးရ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက ပြောကြားသည်။
The Voice Weekly


No comments:

Post a Comment

My Blog List