Wednesday, March 30, 2016

အစိုးရနှင့် ပူးပေါင်းကြီးပွားလာသော ခရိုနီမဟုတ်ဟု ဦးခင်ရွှေပြော


အစိုးရနှင့်ပူးပေါင်းပြီး အောင်မြင်ကြီးပွားလာသည့် ခရိုနီလုပ်ငန်းရှင် မဟုတ်ကြောင်း ဇေကမ္ဘာကုမ္ပဏီအကြီးအကဲ ထိပ်သီးစီးပွားရေးလုပ်ငန်းရှင် ဦးခင်ရွှေက ပြောသည်။မတ်လ ၂၈ ရက်တွင် ရန်ကုန် မြို့ သုဝဏ္ဏလမ်းဆုံရှိ မြန်မာနိုင်ငံဆောက် လုပ်ရေးလုပ်ငန်းရှင်များ အသင်းရုံးခန်း၌ ကျင်းပသည့် သတင်းစာရှင်းလင်း ပွဲတွင် ၎င်းက ပြောကြားခြင်းဖြစ်သည်။
‘‘ဘယ်တုန်းကမှ ဘယ်ကားတစ်စီးတောင် မသွင်းဖူးဘူး။ တက်လာတဲ့အစိုးရ နဲ့လည်း ကျွန်တော်ဘယ်တုန်းကမှ မတည့်ခဲ့ဘူး။ ကျွန်တော် ခရိုနီမဟုတ် ပါဘူး’’ ဟု ဦးခင်ရွှေက ဆိုသည်။

ပြီးခဲ့သည့် အစိုးရလက်ထက်က စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မတည့်သောကြောင့် စီးပွားရေးလုပ်ငန်းအချို့ ပြိုလဲခဲ့ရကြောင်း ၎င်းကဆို သည်။

ထို့အပြင် လုပ်ငန်းရှင်အများစုစိတ်မဝင်စားဘဲ ရေကြီးနစ်မြုပ်နေပြီး သုသာန်နှင့်နီးကပ်သည်ဆိုသော မင်္ဂလာဒုံဥယျာဉ်မြို့တော်ကိုလည်း ၎င်းလုပ်ကိုင်ခွင့်ရရှိစဉ်က အရှုံးပေါ်ခဲ့ကြောင်း ဦးခင်ရွှေက ဆိုသည်။

‘‘ဒုက္ခအရောက်ဆုံး ကာလတွေ ရောက်ခဲ့ပြီးပါပြီ။ အခုမှ မြေဈေးလေးပြန် တက်လာလို့ ကျွန်တော် ဒီဘဝပြန်ရောက်တာပါ’’ ဟု ဦးခင်ရွှေက ဆိုသည်။

ပြီးခဲ့သည့် လွှတ်တော်သက်တမ်းအတွင်း လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဇေကမ္ဘာဦးခင်ရွှေသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်အား မဲပေးခဲ့သည်ဟု ပြောကြားခဲ့ရာ ပြည်ခိုင်ဖြိုး ပါတီဝင် ဖြစ်သောကြောင့် ၎င်းပါတီက ခုံရုံးဖွဲ့စစ်ဆေးခံခဲ့ရသည်။

ဦးခင်ရွှေသည် မြန်မာနိုင်ငံရှိ ခရီးသွားနှင့် ဟိုတယ်လုပ်ငန်း၊ အပန်းဖြေ ကစားကွင်း၊ ဥယျာဉ်လုပ်ငန်းနှင့် အိမ်ရာစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံလုပ် ကိုင်နေသူ လုပ်ငန်းရှင်တစ်ဦးဖြစ်သည်။

ပြီးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ဦးခင်ရွှေ ပိုင်ဆိုင်သည့် ဇေကမ္ဘာကုမ္ပဏီက လွှဲပြောင်းလုပ်ကိုင်ခွင့်ရရှိထားသော ကန်တော်ကြီးဥယျာဉ်၊ ကရဝိက်နယ်မြေသည် ငှားရမ်းခသက်သာစွာဖြင့် အစိုးရထံမှရရှိထားကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ထောက်ပြဝေ ဖန်ခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့်ပြည်ထောင်စုလွှတ်တော်နာယကဟောင်း သူရဦးရွှေမန်း နှင့် ဦးခင်ရွှေတို့သည် ခမည်းခမက်တော်စပ်သောကြောင့် သူရဦးရွှေမန်း၏ သြဇာအာဏာကျဆင်းလာချိန်တွင် ဦးခင်ရွှေမှာလည်း အစိုးရထံမှ လုပ်ကိုင် ခွင့်အချို့မရရှိတော့ကြောင်း နိုင်ငံရေး ကျွမ်းကျင်လေ့လာသူများက ခန့်မှန်း ပြောကြားသည်။

7Day News Journal

No comments:

Post a Comment

My Blog List