Monday, March 28, 2016

" NLD ပါတီကို အတွင်းရေးမှူးငါးဦးက ဆက်လက်ဦးဆောင်မည်´´


အစိုးရအဖွဲ့သစ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဆောင်ချက်တွေကို နမူနာယူပြီး အတွင်းရေးမှူး (၅)ယောက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဆက်လက်ဦးဆောင်သွားမယ်လို့ ပါတီ အတွင်းရေးမှူးတစ်ဦးဖြစ်တဲ့ ဦးဝင်းထိန်ကပြောပါတယ်။
“ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရည်အချင်းကို ဘယ်မှီမလဲဗျာ။ ဒါပေမယ့် သူအစိုးရအဖွဲ့ထဲမှာ လုပ်တာကိုင်တာတွေကို လမ်းညွန်အဖြစ်နဲ့ ယူပြီး ပါတီမှာ ဆက်လျက်ဦးဆောင်လို့တော့ ဖြစ်နိုင်လောက်ပါတယ်။” လို့ ဦးဝင်းထိန်က ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကိုယ်စားလှယ်တွေ တွေ့ဆုံပွဲအပြီး မီဒီယာတွေကို ပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ၀န်ကြီးတာဝန်ကိုယူလိုက်တဲ့ ဒေါ်အောင်ဆန်း စုကြည်ဟာ ပါတီရဲ့ လုပ်ငန်းစဉ်တွေမှာ ၀င်ရောက် ဆောင်ရွက်ခွင့်ရှိမှာ မဟုတ်တော့ပါဘူး။ အဲသည့်အတွက်ကြောင့် ပါတီရဲ့ အတွင်းရေးမှူး (၅)ဦးဖြစ်တဲ့ ဦးဝင်းထိန်၊ ဦးဥာဏ်ဝင်း၊ ဦးဝင်းမြင့်၊ ဦးဟံသာမြင့်၊ ဒေါက်တာ ဇော်မြင့်မောင်တို့က ဆက်လက်ဦးဆောင်သွားမှာဖြစ်တယ်လို့လည်း ဦးဝင်းထိန်ကပြောပါတယ်။

Author/Photo - ဖေသက်ထင်ခင်
Kumudra

No comments:

Post a Comment

My Blog List