Tuesday, March 29, 2016

Fortune ၏ ကမ္ဘာ့အထူးချွန်ဆုံး ခေါင်းဆောင်များ စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည် တတိယနေရာ၌ရပ်တည်နေ


Fortune မဂ္ဂဇင်းက သတ် မှတ်သည့် ၂၀၁၆ အတွက် ကမ္ဘာ့အထူးချွန်ဆုံး ခေါင်းဆောင်များ စာရင်း၌ ဒေါ်အောင်ဆန်းစုကြည်က တတိယနေရာတွင် ရပ်တည်ခဲ့ကြောင်း သိရသည်။ မဂ္ဂဇင်း၏ သတ်မှတ်ချက်အရ ဒေါ်အောင်ဆန်းစုကြည် ထက် ပိုမိုမြင့်မား သည့် အဆင့် တွင် Amazon လုပ်ငန်းရှင် သူဌေးကြီး ဂျက်ဖ်ဘော့ဇ်နှင့် ဂျာမန်အဓိပတိ အန်ဂျလာမာကယ်တို့ သာ ရှိနေသည်။ အသက်(၇၀)အရွယ်ရှိ ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ သင်္ကေတတစ်ခုအဖြစ် နိုင်ငံတ ကာက အသိအမှတ်ပြုခြင်းခံရပြီး အသစ် တက်လာမည့် အစိုးရတွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူမည်ဟု သတင်းများ ပေါ်ထွက်နေသည်။
Fortune က ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ၏ ရှည်လျားကြာ ညောင်းသော ဒီမိုကရေစီဖော်ဆောင်ရေး တိုက်ပွဲတွင်ကိုယ်ကျိုးမဖက် ရုန်းကန်ပြီး နှစ် ရှည်လများ နေအိမ်အကျယ်ချုပ် ခံဘဝဖြင့် စစ်အာဏာရှင် များ အား အကြမ်းမဖက်ဆန့်ကျင်ခဲ့ကြောင်း ဖော်ပြထားသည်။ ထို့အ ပြင် ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ပေါင်း ၃၀ မျှ အတိုက်အခံ ဘဝဖြင့် ကြံ့ကြံ့ခံရပ်တည်ကာ ပြည်သူ့ခေါင်းဆောင် တစ်ဦးအဖြစ် မယိမ်းမယိုင် ရပ်တည်ခဲ့ ကြောင်းလည်း Fortune က ချီး ကျူးရေးသားထားသည်။

မြန်မာပြည်သူများ၏ ချစ် ခင်လေးစားမှုကို ခံရသော်လည်း လက်ရှိ ပြဋ္ဌာန်း ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေက ဒေါ် အောင်ဆန်းစုကြည် သမ္မတဖြစ် ခွင့်ကို တားဆီးပိတ်ပင်ထားသည့် အတွက် ဒေါ်အောင်ဆန်းစုကြည် ၏ နှစ်ရှည်လများ ရဲဘော်ရဲဘက် လူယုံတော် ဦးထင်ကျော်ကိုသာ သူ၏ နိုင်ငံရေးပါတီ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)က သမ္မတအဖြစ် တင်မြှောက်နိုင်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် သည် ရွေးကောက်ပွဲကာလများအတွင်းကတည်းက သူအနေဖြင့် သမ္မတမဖြစ်လျှင်လည်း သမ္မတ ၏ အထက်မှနေ၍ အစိုးရကို စီမံကိုင်တွယ်ခန့်ခွဲသွားမည်ဟု ပြောကြားခဲ့ဖူးသည်။

စီးပွားရေးကျဆင်းမှုနှင့် တိုင်းရင်းသား ပဋိပက္ခများကြောင့် အခက်အခဲ များစွာ ရှိနေသည့်တိုင် မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းကို မယိမ်းမယိုင် လျှောက်လှမ်းလာနိုင်ခြင်းကိုလည်း For-tune က အသိအ မှတ်ပြုထားပြီး ‘‘ဒေါ်အောင်ဆန်းစုကြည်က သူဟာ စစ်မှန်တဲ့ ခေါင်းဆောင် တစ်ဦးဆိုတာကို ပြဆိုခဲ့ပြီး ဖြစ်ပါတယ်။ မှန်ကန်ခိုင်မာတဲ့ ခံယူချက်အတွက် ဘယ်လိုအခြေအနေကို မဆို ရင်ဆိုင်ကျော်ဖြတ်သွားမယ်ဆိုတဲ့ သူပေးချင်တဲ့ သတင်းစကားဟာ ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ပေါ်ပေါက်လာစေဖို့ သိပ်ကိုထက်သန်တဲ့ အင်အားတစ်ရပ်ဖြစ်ခဲ့တယ်’’ဟုလည်း ဖော်ပြခဲ့ သည်။

Fortune ၏ ၂၀၁၆ အတွက်ကမ္ဘာ့အထူးချွန်ဆုံးခေါင်းဆောင်များ သတ်မှတ် ချက်အရ ဒေါ်အောင်ဆန်းစုကြည်၏ နောက် တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၊အက်ပ်ပဲလ်အမှုဆောင်ချုပ် တင်မ်ကွတ်ခ်တို့က ထိပ်ဆုံး ငါးဦး စာရင်းဝင်များအဖြစ် ပါဝင်ခဲ့ပြီး ၎င်းတို့နောက်တွင် ဂျွန်လက်ဂျန်၊ ခရစ္စတီ ယာနာ ဖစ်ဂွါရက်စ်၊ ပေါလ်ရိုင်ယန်၊ ရုသ်ဘာဒါဂင်းစ်ဘာ့ဂ်၊ ရှိတ်ခ်ဟာဆီနာ တို့က အစဉ်လိုက်ရပ်တည်နေသည်။

အဆိုပါစာရင်းကို ကမ္ဘာတစ်ဝန်းရှိ နိုင်ငံရေး၊ စီးပွားရေး၊အတွေးအခေါ်နှင့် အနုပညာနယ်ပယ်များမှ ဦးဆောင်ဦးရွက်ပုဂ္ဂိုလ်များ၏ စွမ်းဆောင်ရည် များကို အခြေခံကာ ပြုစုကောက်ခံခြင်း ဖြစ်ကြောင်းလည်း သိရသည်။

Ref: Fortune
7Day News Journal


No comments:

Post a Comment

My Blog List