Tuesday, March 29, 2016

ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ်များ သပိတ်မှောက်


နိုင်ငံတော်သမ္မတသစ်ဦးထင်ကျော် အဆိုပြုထားသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၏အမည်ကို ပြည်နယ်လွှတ်တော်၌ ကြေညာသည့်အချိန်တွင် ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်ခန်းမ အတွင်းမှ ထွက်ခွာကာ သပိတ်မှောက်ခဲ့ ကြောင်း သတင်းရရှိသည်။

မတ်လ ၂၈ရက်ကပြုလုပ်ခဲ့ သည့် ရခိုင်ပြည်နယ်လွှတ်တော်ဒုတိယအကြိမ် ပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် အထက်ပါအတိုင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ လွှတ် တော်အစည်းအဝေးခန်းအတွင်း၌လည်း အဆိုပါလွှတ်တော်ကိုယ် စားလှယ်များက ရင်ဘတ်တွင် စတစ်ကာ အမည်းများကပ်ကာ ကန့်ကွက် ကြောင်းဖော်ပြခဲ့သည် ဟု သတင်းရရှိသည်။
ယခုကဲ့သို့ ဖြစ်ရပ်မှာ မဖြစ်သင့်သည့်လုပ်ရပ်ဖြစ်ပြီး ပြည်သူများကိုယ်စားရွေး ချယ်ထားသည့်ကိုယ်စားလှယ်များ၏ လုပ်ရပ်မှာရခိုင်ပြည်သူများ၏ ဂုဏ်သိက္ခာကိုကျဆင်းစေကြောင်း စစ်တွေမြို့ခံတစ်ဦးကပြောသည်။
‘‘လွှတ်တော်ကိုယ်စားလှယ် တွေဆိုတာ ပြည်သူရွေးချယ်ထားတဲ့ ကိုယ်စား လှယ်တွေ ဖြစ်ပါ တယ်။ အဲဒီအတွက် လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ လုပ်ရပ် ဟာ ပြည်သူတွေရဲ့ လုပ်ရပ်လိုသ ဘောသက်ရောက်သွားပါတယ်။ အမှန်က ကန့်ကွက်တယ်ဆိုရင် တောင် ခန်းမထဲက ထွက်သွားတဲ့ အဆင့်ထိတော့ မဖြစ်စေချင်ပါ ဘူး’’ဟု ၎င်းကဆိုသည်။
ရခိုင်အမျိုးသားပါတီသည် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်နှင့်ပြည် နယ်အစိုးရ အဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခွင့်ရရှိရန် လိုလားနေကြပြီး ပြည်နယ်အစိုးရ အဖွဲ့ကို ဦး ဆောင် ဖွဲ့စည်းခွင့်မရပါက အ တိုက်အခံ ပါတီအဖြစ် ရပ်တည် သွားရန် သဘောထားကြေညာ ချက်အမှတ်(၁/၂၀၁၆)ကို ထုတ် ပြန်ထား သည်။
ရခိုင်အမျိုးသားပါတီ၏ ထုတ်ပြန်ချက်များကို ထောက်ခံ ကြောင်း ရခိုင်ပြည် နယ်အတွင်းရှိ မြို့နယ်အချို့တွင် လူထုဆန္ဒ ထုတ်ဖော်ပွဲများ ပြုလုပ်နေကြ သော်လည်း သမ္မတသစ် ဦးထင် ကျော်က ဒီချုပ်အမတ်ဦးညီပုကို ပြည်နယ် ၀န်ကြီးချုပ်အဖြစ် အဆို ပြုခြင်းမှာလူထုဆန္ဒအလေးထားရာ မရောက် ကြောင်း ဆန္ဒထုတ် ဖော်ပွဲကို ဦးဆောင်သူများက ဆိုသည်။ ANP ကိုယ်စားလှယ်များကအထက်ပါအတိုင်း သပိတ်မှောက်ခဲ့သော်လည်း ဒီချုပ်အစိုးရက တင်သွင်းသည့် ၀န်ကြီးချုပ်အား တရားဝင်ကန့်ကွက်ရန် ပါတီက တစ်စုံတစ်ရာညွှန်ကြားထားခြင်းမရှိကြောင်း သိရသည်။
‘‘သူတို့ရဲ့ စိတ်မှာ မကျေမနပ်ဖြစ်တာကို ပြတဲ့သဘောပါ။ ပုဂ္ဂိုလ်ရေးအရ ကန့်ကွက်တာလည်းမဟုတ်ဘူး။ အင်န်အယ်လ်ဒီကိုကန့်ကွက်တာလည်း မဟုတ်ဘူး’’ ဟု ANP အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။
နိုင်ငံတော် သမ္မတသစ် ဦး ထင်ကျော်က ပြည်နယ်ဝန်ကြီး ချုပ်အဖြစ် ဦးညီပုအား အဆိုပြု ထားသည့် သတင်းများ မတ်လ ၂၇ ရက်က ထွက် ပေါ်လာပြီး နောက် ရခိုင်အမျိုးသားပါတီ၏ အရေးပေါ်အစည်းအဝေးကို မတ်လ ၂၇ရက် ညနေပိုင်း တွင် ပြုလုပ်ခဲ့ကြောင်းသတင်းရရှိသည်။
ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းတင်သွင်းခံရသည့် ဦးညီပုကို ကန့်ကွက် လိုသူရှိပါက မတ်လ၂၉ ရက် ညနေ ၄ နာရီနောက်ဆုံးထား၍ ကန့်ကွက် နိုင်ကြောင်းရခိုင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဖိုးမင်းက ပြောသည်။

7Day News Journal


No comments:

Post a Comment

My Blog List