Monday, March 28, 2016

အချက်နှစ်ချက်ကြောင့် ပရမ်းပတာဒီမိုကရေစီသို့ ဦးတည်သွားစေနိုင် ကြောင်း တပ်ချုပ်သတိပေး


မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ်ဖော်ဆောင်ရာတွင် အချက်နှစ်ချက် ကြောင့် ပရမ်းပတာဒီမိုကရေစီသို့ ဦးတည်သွားစေ နိုင်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၁၆ မတ်လ ၂၇ ရက်၌ ကျင်းပသော (၇၁) နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

‘‘တို့နိုင်ငံ ဒီမိုကရေစီဖော် ဆောင်ရာမှာ အဓိကနှောင့်ယှက် ဟန့်တားမှု နှစ်ခုကတော့ စည်း ကမ်း၊ လုပ်ထုံးလုပ်နည်းနဲ့ ဥပဒေကို လေးစားလိုက်နာ မှုအားနည်း ခြင်းနဲ့ လက်နက်ကိုင်သောင်း ကျန်းမှုများရှိနေခြင်းပဲ ဖြစ်တယ်။ ဒါတွေဟာ ပရမ်းပတာဒီမိုကရေစီ ကို ဦးတည်သွားစေနိုင်တယ်။ ဒါကြောင့် ဒီအချက်နှစ်ချက်ကို ပြု ပြင်ကျော်လွှားနိုင်မှသာ ဒီမိုကရေစီလမ်းကြောင်း ဖြောင့်ဖြူးစွာ လျှောက်လှမ်းနိုင်မှာ ဖြစ်တယ်’’ဟုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် တပ်မတော်အနေဖြင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုမှတစ် ဆင့် ဒီမိုကရေစီစနစ် ရှင်သန် သည့် လူ့အဖွဲ့အစည်း တစ်ရပ် တည်ဆောက်ရန် နိုင်ငံတော်အစိုးရနှင့်အတူ ပါတီစုံဒီမိုကရေစီနိုင်ငံတော် ဖော်ဆောင်ရာတွင် ဒို့တာဝန်အရေး သုံးပါးကို အမျိုးသားရေးတာဝန်အဖြစ်ခံယူပြီး ပြည်သူလူထု၏ အကျိုးစီးပွားကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

‘‘ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်မာစေချင်ရင် ထိုက်တန်တဲ့ စည်းကမ်းရှိမှု၊ ဥပဒေလေးစား လိုက်နာမှုရှိရမယ်’’ဟု တပ်ချုပ်က ဆက်လက်ပြောကြားသည်။

NCA ရေးထိုးရန် ကျန်သေး သည့် အဖွဲ့များကို တပ်မတော်က လက်ကမ်းကြိုဆိုကြောင်းလည်း တပ်ချုပ်က ပြောသည်။
ယခုနှစ် တပ်မတော်နေ့စစ် ရေးပြအခမ်းအနားတွင် ဒီမိုကရေ စီခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်နှင့် ဒီချုပ်ထိပ်ပိုင်းခေါင်း ဆောင်များကိုမူ မတွေ့ရချေ။

သို့ သော် ဒီချုပ်အမတ်အချို့ကိုတွေ့ ရသည်။ အနားယူသွားသည့် ၀န်ကြီးဟောင်းအချို့နှင့် စစ်မှုထမ်း ဟောင်းများကို အခမ်းအနားတွင် တွေ့ရသော်လည်း တပ်မတော်၌ ဗိုလ်ချုပ်ကြီး ရာထူးထိ တာဝန်ယူခဲ့သော ပထမအကြိမ်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဗိုလ်ချုပ်ရာထူးအထိ တာဝန်ယူခဲ့သော ပထမအကြိမ် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့ကို အခမ်းအနား၌ မတွေ့ရချေ။
7Day News Journal


No comments:

Post a Comment

My Blog List