Monday, March 28, 2016

ရှမ်းပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဒေါက်တာ လင်းထွဋ် ကိုခန့်အပ်


ရှမ်းပြည်နယ် ဝန်ကြီးချုပ်အဖြစ် လားရှိုးမဲဆန္ဒနယ်မှ ဒေါက်တာလင်းထွဋ်ကို ခန့်အပ်လိုက်ပြီဖြစ်သည်။
ဒုတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော်ပထမပုံမှန်အစည်းအဝေး ဆဌမမြောက်နေ့ဖြစ်သည့် ယနေ့(မတ်၂၈ ရက် ) နံနက်ပိုင်းတွင် ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခြင်းခံရသူက အမည်စာရင်းပေးပို့ ခန့်အပ်သည့် ပြည်နယ် ဝန်ကြီးချုပ် အမည်ကို ကြေညာခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာလင်းထွဋ်သည် ဒီချုပ်ပါတီ ကိုယ်စားပြု အမတ်တစ်ဦးဖြစ်ပြီး ငြိမ်းချမ်းရေး တရားမျတရေး ခွင့်တူညီမျှရေး နှင့် တိုင်းရင်းသား အရေးကို ဦးစားပေးဆောင်ရွက်သွား မည်ဟု ပြောကြားခဲ့သည်။

ဓာတ်ပုံ - ဂျွန်ချစ်ငြိမ်း
7Day News Journal

No comments:

Post a Comment

My Blog List