Tuesday, March 29, 2016

တိုက်ခိုက်မှုကြုံခဲ့သော ဘရပ်ဆဲလ်လေဆိပ် ပြန်လည်ဖွင့်လှစ်မည့်ရက်ကို မသတ်မှတ်နိုင်သေး


အသေခံဗုံးခွဲတိုက် ခိုက်မှုနှစ်ခုကြောင့် ပျက်စီးသွား သော ခရီးသည် ထွက်ခွာဆောင် ကို ပြန်လည်ပြင်ဆင်မှုများ အ ဆင်ပြေခြင်း ရှိ၊ မရှိ ကြည့်ရှုရန် စမ်းသပ်မှုများ လုပ်ဆောင်သွားမည်ဟု ဘရပ်ဆဲလ်လေဆိပ် တာဝန်ရှိသူများက ပြောကြားသည်။

သို့သော် လေဆိပ်ပြန်လည် ဖွင့်မည့်ရက်ကိုမူ မပြောပေ။
ယာယီ ပြန်လည်တည် ဆောက်ပုံနှင့် မီးဘေးအန္တရာယ် ကင်းရှင်းမှု စမ်းသပ် ချက်များကို အင်္ဂါနေ့တွင် လုပ်ဆောင်သွား မည်ဟု လေဆိပ်တာဝန်ရှိသူက ပြောသည်။
ခရီးသည်များ ၀င်ထွက်သွား လာမှု အဆင်ပြေစေရန် စမ်းသပ်သွားမည် ဖြစ်ကာ လေဆိပ်ဝန် ထမ်း ၈၀၀ ဦး ပါဝင်မည်ဟု ၎င်း က ပြောသည်။
ယင်းတွင် ခရီးသည်များ ၀င် ထွက်မှု စိစစ်လက်ခံခြင်း ပစ္စည်း ကိရိယာ များနှင့် ယာယီအစီအမံ များကို စမ်းသပ်မည်ဖြစ်သည်။
လွန်ခဲ့သောတစ်ပတ်က ဘရပ်ဆဲလ်မြို့လေဆိပ်တွင် အသေခံဗုံးခွဲမှုနှစ်ခု ဖြစ်ပြီး မြေအောက်ရထားလမ်းတွင်လည်း နောက်ထပ်ဗုံးတစ်လုံး ပေါက်ကွဲ ခဲ့ရာ လူပေါင်း ၃၁ ဦး သေဆုံးခဲ့သည်။
ယင်းတိုက်ခိုက်မှုများ ဖြစ် ပွားပြီးနောက် လေကြောင်းလိုင်း များက ၎င်းတို့၏ ခရီးစဉ်များကို ဘယ်လ်ဂျီယံ၏ အခြားလေဆိပ် များသို့ ပြောင်းရွှေ့ခဲ့သည်။
အိမ်နီးချင်းနိုင်ငံ လေဆိပ် များသို့ ပြောင်းရွှေ့သွားသော လေ ကြောင်းလိုင်း များပင်ရှိခဲ့သည်။
ဘရပ်ဆဲလ်လေဆိပ်သည် ဥရောပတွင် ခရီးသည်ဝင်ရောက် မှု အများဆုံး လေဆိပ်တစ်ခုဖြစ် ပြီး တစ်ကမ္ဘာလုံးသို့ လေယာဉ် ခရီးစဉ်များ ပျံသန်းလျက် ရှိသည်။
Ref: AFP
7Day News Journal


No comments:

Post a Comment

My Blog List