Monday, December 07, 2015

အလှမယ် Lဘောက်နူး မစ္စအင်တာနက်ဆုနှင့် အကောင်းဆုံးညနေခင်းဝတ်စုံဆုရရှိ


ပိုလန်နိုင်ငံတွင် ပြုလုပ်ခဲ့သော Miss Supranational2015 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ် စားပြု အလှမယ် Lဘောက်နူး သည် တိုင်တယ်ဆုနှစ်ဆုရရှိခဲ့ပြီး မြန်မာနိုင်ငံသို့ ဒီဇင်ဘာ ၇ ရက်၌ပြန်လည်ရောက်ရှိမည်ဟု Miss Golden Land Myanmar အဖွဲ့မှ သတင်းရရှိသည်။

အလှမယ် Lဘောက်နူးသည် အင်တာနက်မှ ပရိသတ်မဲပေးမှုအများဆုံးရရှိခဲ့သည့် Miss Internet ဆုနှင့် အကောင်းဆုံးညနေခင်းဝတ်စုံဆုတို့ရရှိခဲ့သည်။
အင်တာနက်တွင် ပရိသတ်မဲပေးမှုအများဆုံးရရှိ၍ ဆန်ခါ တင်အလှမယ် ၂၀ ၌ ပါဝင်ခဲ့ပြီး ဆန်ခါတင်ဆယ်ဦးစာရင်းတွင်မူ ဆက်လက်ပါဝင်ခဲ့ခြင်းမရှိပေ။
ယင်းပြိုင်ပွဲကို ဒီဇင်ဘာ ၅ရက်တွင် ပြုလုပ်ဖြစ်ပြီး MissSupranational 2015 ဆုကို ပါရာဂွေးနိုင်ငံမှ အသက် (၂၃) နှစ်အရွယ်အလှမယ် Stephania Vas-quez Stegman က ရရှိခဲ့သည်။ အဆိုပါပြိုင်ပွဲတွင် ကမ္ဘာ့နိုင်ငံပေါင်း ၈၂ နိုင်ငံမှ အလှမယ်များ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ခုနစ်ကြိမ်မြောက်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ မြန်မာအလှမယ်များသည် ယင်းပြိုင်ပွဲကို ၂၀၁၃ က စတင်ယှဉ်ပြိုင်ခဲ့ပြီး ယခုနှစ်သည် တတိယအကြိမ်မြောက်သွားရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List