Wednesday, December 09, 2015

ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် ငွေစက္ကူ ရိုက်နှိပ်သည်ထက် အရေးကြီးသည့် ကိစ္စများကိုလုပ်ဆောင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို


ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံဖြင့် ငွေစက္ကူရိုက်နှိပ်ရန် ရခိုင်ပြည်နယ်၊ အမျိုးသားလွှတ်တော်အမတ်ဖြစ်သူ ရခိုင်အမျိုးသားပါတီမှ ဦးကျော်ထွန်းအောင်၏တောင်းဆိုမှုကို ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆိုခဲ့ပြီး အဖေ့ကိစ္စသည်နည်းနည်းပုဂ္ဂိုလ်ရေး ဆန်သွားမည်ဖြစ်၍ ယင်းထက်အရေးကြီးသည့်ကိစ္စများထမ်းဆောင်ရန် အများကြီးရှိသေးသည်ဟု ပြောဆိုခဲ့ကြောင်းသိရသည်။

နေပြည်တော် စည်ပင်ဧည့်ရိပ်သာရှိ စားရိပ်သာ (၄)တွင် တိုင်းရင်းသား အမတ်များနှင့်ဒီဇင်ဘာ ၇ ရက်က တွေ့ဆုံစဉ် ငွေစက္ကများတွင် ဗိုလ်ချုပ် အောင်ဆန်းပုံဖြင့် ရိုက်နှိပ်မည် မဟုတ်ဟု ရွေးကောက်ပွဲတွင် အပြတ်အ သတ် အနိုင်ရကာ အစိုးရဖွဲ့ခွင့်ရထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံဖြင့် ငွေစက္ကူရိုက်နှိပ်ပေးရန် အမျိုးသားဒီမို ကရေစီပါတီသစ်မှ ဦးကျော်က ရန်ကုန်တိုင်းလွှတ်တော်တွင် အနည်းဆုံး ၃ ကြိမ်ခန့် အရေးဆိုခဲ့ဖူးသော်လည်း အထမြောက်ခြင်းမရှိခဲ့ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားလွှတ်တော်အမတ်များနှင့် တွေ့ဆုံစဉ်နောက်လွှတ်တော် သက်တမ်းတွင် ထပ်မံမပါဝင်သော်လည်း အပြန်အလှန်ယုံကြည်မှု၊ ကူညီမှုများဖြင့် နိုင်ငံအတွက် လက်တွဲအလုပ်လုပ် လိုကြောင်း၊NLD ပါတီသည် ဗမာပါတီမဟုတ်ကြောင်း၊ ငြိမ်းချမ်းရေးတွင် လည်း တိုင်းရင်းသားအားလုံးပါဝင်စေလိုကြောင်း တိုင်းရင်းသားအမတ် များကို ပြောဆိုခဲ့သည်။

သတင်း -ဇော်မင်းထွန်း
The Ladies News Journal

No comments:

Post a Comment

My Blog List