Thursday, December 10, 2015

ဗီယက်နမ်နိုင်ငံက ပြုပြင်ပြောင်းလဲရေးပါတီနှင့် ၈၈ မျိုးဆက်(ငြိမ်း၊ပွင့်)တို့ တွေ့ဆုံ


ဗီယက်နမ်နိုင်ငံမှ ဗီယက်နမ်ပြုပြင်ပြောင်းလဲရေးပါတီ (Vietnam Reform Party)၊ ဆက်ဆံရေးညွှန်ကြားရေးမှူး Mr.Trinh Nguyen ဦးဆောင်သော ဗဟိုကော်မတီ အဖွဲ့ဝင်များနှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်းရုံးခန်းသို့ ဒီဇင်ဘာလ ၉ ရက်နေ့၊ မနက် ၁၀ နာရီက လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုအဖွဲ့ကို ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီး၊ ကိုဇော်မင်း (ကိုဘောင်းဘောင်း)နှင့် ကိုပဏ္ဍိတ်ထွန်းတို့က ကြိုဆိုခဲ့ ကြပြီး မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းနှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး အကြောင်းများကို ဦးကိုကိုကြီးမှ ရှင်းလင်း ပြောကြားခဲ့ကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ၏ လူမှုကွန်ယက် စာမျက်နှာတွင် ဖော်ပြထားသည်။

" ကျနော်တို့ကျောင်းသားဘဝတုန်းကဖတ်ခဲ့ သိခဲ့ရတဲ့ ဗီယက်နမ် ၊အခု ဗီယက်နမ် လူငယ်တွေ ကကျနော်တို့နိုင်ငံကိုသိချင်ကြပြန်တယ် ။ ၈၈ အရေးတော်ပုံပြတိုက် ရုံးခန်းကိုလာရောက်ကြည့်ရှု ၊ကျနော်တို့ ဖြတ်သန်းမှု ကို တလေးတစားလေ့လာပြီး သူတို့အတွက်ခွန်အားဖြစ်စေပါတယ်တဲ့ "ဟု ဦးကိုကိုကြီးကလည်း သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြရေးသား ထားသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List