Thursday, December 10, 2015

❧❧ ဒုတိယအကြိမ်လွှတ်တော်အသီးသီး၏ ပထမပုံမှန်အစည်းအဝေးကို ခေါ်ယူကျင်းပနိုင်ရေးအတွက် ဗဟိုကော်မတီနှင့်လုပ်ငန်းကော်မတီများ၏ ညှိနှိုင်းအစည်းအဝေးကျင်းပ ❧❧






❖ ဤအစည်းအဝေးသည် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့က သူရ ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပြီးနောက် ထုတ်ပြန်ကြေ ညာသော ပူးတွဲကြေညာချက်(၅)ချက်အနက်မှ အစိတ်အပိုင်းတစ်ခုကို အကောင်အထည်ဖော်ခြင်းဖြစ်ပါကြောင်း၊ အဆိုပါထုတ်ပြန်ချက်သည် လွှတ်တော်အစည်းအဝေးများ ကျင်းပရေးသာမက နိုင်ငံရေးအနှစ်သာရ များစွာ ပါဝင်ပါကြောင်း၊
❖ ပထမအကြိမ်လွှတ်တော်များ၏သက်တမ်းသည် ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ (၃၀)ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်ပါကြောင်း၊ ဒုတိယအကြိမ်လွှတ်တော်များ ကျင်းပနိုင်ရန်အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့က ခေါ်ယူရမည်ဖြစ်သကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ် တော်များတွင်လည်း သက်ဆိုင်ရာဥက္ကဋ္ဌများက ခေါ်ယူရမည်ဖြစ်ကြောင်း၊
❖ အသစ်ဝင်ရောက်လာမည့် လွှတ်တော်ကိုယ်စားလှယ်များကို ယခု လွှတ်တော်သက်တမ်းမပြီးဆုံးမီ ခေါ်ယူရမည်ဖြစ်ပါကြောင်း၊
❖ လွှတ်တော်ကိုယ်စားလှယ်သစ်များ၏ လုံခြုံရေး၊ သွားလာရေး၊ တည်းခိုရေး၊ စားသောက်ရေးပါမကျန် ပြည့်ပြည့်စုံစုံ စီမံပေးသွားရန် လိုအပ်ပါကြောင်း၊
❖ လွှတ်တော်၏ဂုဏ်သိက္ခာ၊ နိုင်ငံ၏ဂုဏ်သိက္ခာမြင့်မားရေးအတွက် တာဝန်ရှိသူများအနေဖြင့် မြင့်မြတ်သည့်စိတ်ထားဖြင့် လုပ်ဆောင်သွားရန် လိုအပ်ပါကြောင်းဖြင့် မိမိကပြောကြားခဲ့သည်။

H.E. Thura U Shwe Mann


No comments:

Post a Comment

My Blog List