Wednesday, December 09, 2015

ဂျာမနီ၏ ပထမဆုံးအမျိုးသမီးကာကွယ်ရေးဝန်ကြီး အာဆူလာဗွန်ဒါလီယန်


ဂျာမနီကာကွယ်ရေးဝန်ကြီး အာဆူလာဗွန်ဒါလီယန်မစ္စစ် အာဆူလာဗွန် ဒါလီယန် သည် ဂျာမနီနိုင်ငံရေးသမား တစ်ဦးဖြစ်ပြီး ကာကွယ်ရေးဝန်ကြီး အဖြစ် ၂၀၁၃ မှစ၍ တာဝန်ယူ ထားသည်။ ယင်းရာထူးကို ရရှိသည့် ပထမဆုံး အမျိုးသမီးလည်း ဖြစ်သည်။
အာဆူလာ၏ ဖခင်သည် ထင်ရှားသော ခရစ်ယာန် ဒီမိုကရက်တစ်သမဂ္ဂ နိုင်ငံရေးသမား တစ်ဦး ဖြစ်ပြီး အီးယူကော်မရှင်အရာရှိ အဖြစ်လည်း တာဝန်ထမ်းဆောင် ခဲ့သည်။ အာဆူလာကို ၁၉၅၈ အောက်တိုဘာ ၈ ရက်က ဘရပ် ဆဲလ်မြို့တွင် မွေးဖွားခဲ့သည်။

အာဆူလာသည် အခြေခံပညာကို ဥရောပကျောင်းတွင် တက်ရောက်ခဲ့ပြီး တက္ကသိုလ်၌ စီးပွားရေးပညာကို လေ့လာခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ဆေးပညာကို ပြောင်းလဲ သင်ယူကာ ၁၉၈၇ ဟန်နိုဗာ ဆေးတက္ကသိုလ်မှ ဆရာဝန်ဘွဲ့ ရရှိခဲ့သည်။ ဘွဲ့လွန် ဆက်တက်ပြီး ၁၉၉၁ တွင်ပါရဂူ(ဆေးပညာ) ဘွဲ့ရရှိခဲ့သည်။

၎င်းသည် ၁၉၉၀ ပြည့်နှစ်တွင် ခရစ်ယာန် ဒီမိုကရက်တစ်ပါတီ (CDU) သို့ ၀င်ရောက်ခဲ့ပြီး ၁၉၉၉ မှစ၍ နိုင်ငံရေးတွင် တက်ကြွသူ ဖြစ်လာခဲ့သည်။ ၂၀၀၁ တွင် ဟန်နိုဗာဒေသ နိုင်ငံရေး အသိုင်းအ၀ိုင်း၌ ပါဝင်လှုပ်ရှား လာခဲ့သည်။

၂၀၀၃ ခုနှစ်ပြည်နယ် ရွေးကောက်ပွဲတွင် ဆက်ဆွန်နီ အောက်ပိုင်း ပြည်နယ်ပါလီမန်သို့ ရွေးကောက် တင်မြှောက်ခံရပြီး ၂၀၀၃ မှ ၂၀၀၅ အထိ ပြည်နယ် အစိုးရ၀န်ကြီး အဖြစ် တာဝန်ယူခဲ့ကာ လူမှုရေး၊ အမျိုးသမီးရေးရာ၊ မိသားစုနှင့် ကျန်းမာရေးကိစ္စများ ကိုင်တွယ်ခဲ့သည်။ ၂၀၀၃ မှာပင် ထိုစဉ်က အတိုက်အခံ (CDU)ပါတီဥက္ကဋ္ဌ အန်ဂျလာမာကယ်လ်က ညွှန်ကြားခဲ့သော လူမှုဖူလုံရေး ပြု ပြင်ပြောင်းလဲရေး အစီအစဉ်သစ်များ ရေးဆွဲရေး
အဖွဲ့တွင်လည်း ပါဝင်ခဲ့သည်။

၂၀၀၅ ရွေးကောက်ပွဲ မတိုင်မီတွင်လည်း မစ္စစ် မာကယ်လ်က အစိုးရကို စောင့်ကြည့်ရေး ၎င်းတို့၏ ရှဲဒိုးအစိုးရ အဖွဲ့တွင် မိသားစုနှင့် လူမှုဖူလုံရေး အပိုင်းကို စောင့်ကြည့်ရေး မစ္စစ် ဗွန်ဒါလီယန်အား တာဝန်ပေးခဲ့သည်။ မစ္စစ် မာကယ်လ် အစိုးရဖွဲ့ချိန်တွင် ဗွန်ဒါလီယန်သည် မိသားစု၊ အမျိုးသမီးနှင့် လူငယ်ရေးရာ ဖက်ဒရယ်ဝန်ကြီး ဖြစ်လာခဲ့သည်။

၎င်းသည် ၂၀၀၉ တွင် ဂျာမနီပါလီမန်သို့ ရွေးကောက်တင် မြှောက်ခံရပြီး အလုပ်သမားနှင့် လူမှုရေးရာ ၀န်ကြီးဌာနကို ပြောင်းလဲ တာဝန်ယူ ရသည်။

၂၀၁၃ ဖက်ဒရယ် ရွေးကောက်ပွဲပြီးချိန်တွင် ဗွန်ဒါလီယန်သည် ဂျာမနီနိုင်ငံ၏ ပထမဆုံး အမျိုးသမီး ကာကွယ်ရေးဝန်ကြီး အဖြစ် ခန့်အပ်ခံခဲ့ရသည်။

ကာကွယ်ရေးဝန်ကြီး တာဝန်ရယူပြီး ပထမနှစ်မှာပင် အာဖဂန်နစ္စတန်ရှိ ဂျာမနီတပ်ဖွဲ့များထံ သုံးကြိမ် သွားရောက် လည်ပတ်ခဲ့ သည်။ ယင်းနိုင်ငံမှ နေတိုးတပ်ဖွဲ့ရုပ်သိမ်းမှုအတွင်း ဂျာမနီတပ်ဖွဲ့များ ရုပ်သိမ်းရေးကို ကြီးကြပ် ခဲ့သည်။ အီရတ်ရှိ ကာ့ဒ်လက်နက်ကိုင်တပ်ဖွဲ့များအား လက်နက်များ ထောက်ပံ့ရန် ဆုံးဖြတ်ခဲ့သည်။

သို့သော် ယူကရိန်းသို့ လက်နက်များ ထောက်ပံ့ရန် ဂျာမနီနိုင်ငံ၏ ငြင်းဆန်မှုကို ကာကွယ်ပြောဆိုပြီး ဥရောပသည် စည်းလုံးညီညွတ်နေရန် အရေးကြီးသည်ဟု ပြောကြားသည်။ အိုင်အက်စ်များကဲ့ သို့မဟုတ်ဘဲ ယူကရိန်းကိစ္စအပေါ် ရုရှားတို့နှင့် ညှိနှိုင်းဆွေးနွေးမှု ဖြစ်နိုင်သည်ဟု ၎င်းက ပြောကြားသည်။

မစ္စစ် ဗွန်ဒါလီယန်သည် ဂျာ မနီနိုင်ငံ၏ အဓိပတိအဖြစ် မစ္စစ် မာကယ်လ်ကို ဆက်ဆံနိုင်ခြေ ရှိသူဟု တစ်ပေးခံထားရသူ ဖြစ်ပြီး ခင်ပွန်းသည် ဟိုင်ကိုဗွန်ဒါလီယန်နှင့် သားသမီး ခုနစ်ဦး ထွန်းကားခဲ့ သည်။

Ref:Wikipedia
7Day News Journal

No comments:

Post a Comment

My Blog List