Wednesday, December 09, 2015

ပြည်သူ၏ ထောက်ခံမှုရရှိထားသည့် အစိုးရသစ်အနေဖြင့် တရုတ်-မြန်မာ ဆက်ဆံရေးအား နိုင်ငံအကျိုး အရှိဆုံး ဆောင်ရွက်နိုင်မည်ဟု ဆို


တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ရွှေလီမြို့နယ်မှ ကျောက်စိမ်းလုပ်ငန်း ရင်းနှီးမြှုပ်နှံသူ ဇန်ချန်းအဖို့ မြန်မာနိုင်ငံတွင် လုပ်ငန်းဆောင်ရွက်ရသည်မှ မည်သည့်အချိန်ကမှ ရိုးရှင်းမှု မရှိခဲ့ပေ။ ဇန်က လုပ်ငန်းလုပ်ခွင့် ရရှိရန်အတွက် မြန်မာအစိုးရ အရာရှိများနှင့် ကြားလူများအား ယွမ်ထောင်ဂဏန်းမှ သောင်းဂဏန်းထိ လာဘ်ထိုးရသည့် ငွေများကို ရည်ညွှန်း၍ “ငွေကြေး လက်ဆောင်ပေးရတာက မလုပ်မဖြစ် ဖြစ်နေတယ်” ဟု Southern China Morning Post သတင်းစာကြီးသို့ သူက ပြောကြား ခဲ့သည်။
မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်တွင် ဇန်ချန်း လုပ်ငန်းဆောင် ရွက်နေသည့် ကျောက်စိမ်းတွင်းများမှ အခြား တရုတ် လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံထားသည့် ကျောက်စိမ်းတွင်းများကဲ့သို့ပင် အစိုးရ၏ ဂရုစိုက် ကြီးကြပ်စစ်ဆေးမှု မရှိသည့်အတွက် ပြသ၁နာ များ ဖြစ်ပေါ်စေ လျက်ရှိသည်ဟု ဇန်က ဆိုသည်။

“တရုတ်ကျောက်စိမ်းတွင်းတွေက သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေ ပါတယ်။ ဒါပေမဲ့ အာလုံးက ဒီလိုပဲ လုပ်နေကြတဲ့အတွက် ကျွန်တော် လည်း ရွေးစရာမရှိဘဲ ဒီလိုပဲ လုပ်နေရပါတယ်” ဟု ဇန်ချန်းကဆိုသည်။

ထိုအခြေအနေမှာ မကြာမီ ပြောင်းလဲဖွယ်ရှိနေ သည်။ ရွေးကောက်ပွဲ တွင် ပြတ်သားစွာ အနိုင်ရခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီက ဦးဆောင်မည့် အစိုးရသစ်သည် စစ်တပ်ကျောထောက်နောက်ခံ ပြုထားသည့် လက်ရှိ အစိုးရနှင့် ကွဲပြားခြားနားသည့် လမ်းကြောင်းကို လျှောက်လှမ်း မည်မှာ သေချာလျက်ရှိသည်။

သို့သော် တိုင်းပြည်စီးပွားရေးမြှင့်တင်ရန် အရေးတကြီး လိုအပ်နေခြင်းကြောင့် အစိုးရသစ်သည် ပိုမိုသန့်ရှင်းပြီး ပွင့်လင်းမြင်သာ မှုရှိသော အစိုးရဖြစ်စေလိုသည့် မဲဆန္ဒရှင်များ၏ ဆန္ဒနှင့် ရင်းနှီးမြှုပ်နှံသူဖြစ်သော တရုတ်၏ အကျိုးစီးပွားကြားတွင် ဂရုတစိုက် ဆောင်ရွက်ရန် လိုအပ်သည်ဟု လေ့လာသူများက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူလူထု၏ ထောက်ခံမှုရရှိထားပြီး ဖြစ် သဖြင့် တရုတ်-မြန်မာ ဆက်ဆံရေးအား နိုင်ငံအတွက် အကျိုး အရှိဆုံးဖြစ် ရန် ဆောင်ရွက်ရာတွင် ပြောင်းလွယ်ပြင်လွယ် လုပ်နိုင်စွမ်း ရှိနေသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အကြံပေးတစ်ဦးဖြစ်သော သြစတြေးလျနိုင်ငံ မက်ကွာရီတက္ကသိုလ်မှ စီးပွားရေး ပညာရှင် ရှောင်တာနယ် က “အရင်အစိုးရလက်ထက်မှာ သဘာဝ ပတ်ဝန်းကျင်နဲ့ အလုပ်သမားပြသ၁နာတွေကို အလေးမထားခဲ့ပါဘူး။ အစိုးရသစ် လက်ထက်မှာတော့ ဒါတွေက အရေးပါလာမှာပါ” ဟု ပြောကြား ခဲ့သည်။

တရုတ်-မြန်မာ ဆက်ဆံရေးနှင့်ပတ်သက်၍ ရှောင်တာနယ်က “တရုတ် ရင်းနှီးမြှုပ်နှံမှုတွေကို ကြိုဆိုမှာပါ။ NLD က ဆန့်ကျင်မယ်လို့ မထင်ပါဘူး။ ဒါပေမဲ့ အရင်ထက် ပိုပြီး စည်းမျဉ်းတွေ၊ သတ်မှတ်ချက်တွေ တင်းကျပ်နိုင် ပါတယ်” ဟု ဆိုသည်။ အစိုးရသစ် လက်ထက် တွင် မြန်မာနိုင်ငံက စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များကို ကြီးမားသည့် တရုတ်ဈေးကွက်သို့ တင်ပို့နိုင်ရန် ဆောင်ရွက်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည်မြှင့်တင်မှု ဆောင်ရွက်နိုင် ဖွယ်ရှိသည်ဟု မစ္စတာတာနယ်က ပြောကြားခဲ့သည်။

ခြစားမှုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်စေမှုများကို စုံစမ်းစောင့်ကြည့် သည့် Global Witness အဖွဲ့မှ အာရှဒေသ ဒါရိုက်တာ မိုက်ကယ်ဒေးဗစ်က ထိုမြစ်ဆုံရေကာတာစီမံကိန်း ဆိုင်းငံ့ခံရပြီးချိန် နောက်ပိုင်းတွင် တရုတ်၏ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုမှာ ယခင်အခြေအနေ သို့ ပြန်မရောက်တော့ဟု ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအတွက် ပိုမို စိတ်အနှောင့်အယှက် ဖြစ်စေသည့် ကိစ္စရပ်မှာ တရုတ်အစိုးရပိုင် ကုမ္ပဏီနှင့် မြန်မာအစိုးရတို့ ဖက်စပ်ဆောင်ရွက်သည့် လက်ပံတောင်းတောင် ကြေးနီတွင်းစီမံကိန်းမှာ ၂၀၁၂ တွင် ဒေသခံများ၏ ကန့်ကွတ်ဆန္ဒပြမှုများကြောင့် ပြသ၁နာ ဖြစ်ပေါ်ခဲ့ပြီး ရဲတပ်ဖွဲ့က ဖြိုခွင်း ရာတွင် လူသေဆုံးသည်အထိ ဖြစ်ပွားခဲ့သည်။

တရုတ်နိုင်ငံက အဆိုပြုထားသည့် အဓိက စီမံကိန်းတစ်ခုဖြစ်သော ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တို့ကို ဆက်သွယ် သည့် ဒေါ်လာဘီလီယံ ၂၀ တန် ရထားလမ်း စီမံကိန်းကို ဒေသခံလူထုက ကန့်ကွက်သဖြင့် မြန်မာအစိုးရက ပယ်ချခဲ့သည်။

KHTun
The Ladies News Journal

No comments:

Post a Comment

My Blog List