Tuesday, December 08, 2015

၂၀၁၀ ရွေးကောက်ပွဲထက် ၂၀၁၅ တွင် ဆန္ဒမဲပေးမှုရာခိုင်နှုန်း နည်းပါး


၂၀၁၀ရွေးကောက်ပွဲတွင် မဲဆန်္ဒရှင် များ ဆန္ဒမဲပေးခဲ့သည့် ရာခိုင်နှုန်းထက် ၂၀၁၅ တွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲ ပေးခဲ့သည့် ရာခိုင်နှုန်းက နည်းပါးခဲ့ ကြောင်း ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက် ပွဲ အချက်အလက်များ နှိုင်းယှဉ်ချက်အရ သိရသည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်သူ့ လွှတ်တော်အတွက်ဆန်္ဒမဲပေးသူ၇၇.၂၆ ရာခိုင်နှုန်း၊အမျိုးသားလွှတ်တော်အတွက် ဆန္ဒမဲပေးသူ ၇၆.၇၈ ရာခိုင်နှုန်း နှင့် တိုင်းရင်းသားလူမျိုးအပါအ၀င်တိုင်းဒေ သကြီးလွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ် တော်အတွက် ဆန်္ဒမဲပေးသူ ၇၆.၆၂ရာခိုင်နှုန်း ဆန်္ဒမဲပေး ခဲ့ကြသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်သူ့ လွှတ်တော်အတွက်ဆန်္ဒမဲပေးသူ၆၉.၇၂ ရာခိုင်နှုန်း၊အမျိုးသားလွှတ်တော်အတွက် ဆန်္ဒမဲပေးသူ ၆၉.၈၂ ရာခိုင်နှုန်း နှင့် တိုင်းရင်းသားလူမျိုးအပါအ၀င်တိုင်းဒေသ ကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ် တော်အတွက် ဆန္ဒမဲပေးသူ ၆၈.၃၆ ရာခိုင်နှုန်း ဆန္ဒမဲပေးခဲ့ကြခြင်းဖြစ်သည်။

““၂၀၁၅ မှာက ပြည်ပရောက်ပြီး မဲ မထည့်နိုင်တဲ့ မဲဆန်္ဒရှင်တွေလည်း များ လာပုံရတယ်။ မဲစာရင်းမှာ ပါပေမဲ့ကိုယ့် နာမည်ရှာမတွေ့လို့ မဲမထည့်လိုက် ရသူ တွေ၊ရွှေ့ပြောင်းနေထိုင်ရင်းအကြောင်း အမျိုးမျိုးကြောင့် ရောက်ရာ အရပ်မှာ လည်း မဲမထည့်နိုင်၊ မူလရပ်ရွာလည်း ပြန်ပြီး မဲမထည့်နိုင်ဖြစ်တဲ့ လူတွေ နောက် ကျ သွားပြီး မဲရုံပိတ်သွားလို့ မဲမထည့် လိုက်ရသူတွေ ဒီနှစ်မှာ တော်တော်များ များရှိနိုင်တယ်””ဟု ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူ တစ်ဦးက ၎င်း အမြင်ကို ပြောသည်။

““တချို့ကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှာ လုပ်ရတဲ့ရွေး ကောက်ပွဲဖြစ်တဲ့အတွက် ဘာမှထူးလာ မှာ မဟုတ်ဘူးလို့ ယူဆပြီး မဲလာ မပေး တာတွေလည်း ရှိနိုင်တယ်””ဟု ၎င်းက ဆက်ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲ တွင်မဲပေးပိုင် ခွင့်ရှိသူ ၂၉သန်းကျော်ရှိ ခဲ့ပြီး၂၀၁၅ တွင်မဲပေးပိုင်ခွင့်ရှိသူ ၃၄သန်း ကျော်ရှိလာသဖြင့် မဲပေးပိုင်ခွင့်ရှိသူ ၅သန်းကျော် တိုးလာသော်လည်း လာ ရောက်ဆန္ဒမဲပေးခဲ့သူရာခိုင်နှုန်း လျော့ နည်းသွားခဲ့ခြင်းဖြစ်သည်။

Hot News Journal

No comments:

Post a Comment

My Blog List