Wednesday, December 09, 2015

အစိုးရတစ်ရပ် အသက်ဆက်ရှည်ရေးအတွက် ချုပ်ကိုင်ချင်သည့် ပညာရေး စနစ် ဖြစ်နေဟုဆို


အစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေသည် ဆိုသော်လည်းအပြည့်အ၀ ဒီမိုကရေစီဆန်သည့် လွတ်လပ်သည့် ကျောင်းသားများ၏လိုလားချက်များကို အခြေခံသည့် ပညာရေးပြုပြင်ပြောင်းလဲမှု မဟုတ်ဘဲအစိုးရတစ်ရပ် အသက်ဆက်ရှည်ရေးအတွက် ချုပ်ကိုင်ချင်သည့် ပညာရေးစနစ်ဖြစ်နေကြောင်း မဖြိုးဖြိုးအောင်က ဒီဇင်ဘာ ၈ ရက်သာယာဝတီမြို့နယ်တရားရုံး ရုံးထုတ်တွင် ပြောကြားခဲ့သည်။

ဒီမိုကရေစီပညာရေးနှင့် ပတ်သက်၍ အစိုးရဘက်က ပြုပြင်ပြောင်းလဲရေး အတွက် ကြိုးစားခဲ့သည်များ ရှိသော်လည်း ပြုပြင်ပြောင်းလဲသည့် နည်းချင်း ကွာခြားသည်ဟု လည်း မဖြိုးဖြိုးအောင်ကဆိုသည်။
“ကျွန်မတို့က ဒီမိုကရေစီနည်းကျတဲ့ တိုင်းပြည်အတွက် အထောက်အပံ့ ဖြစ်စေနိုင်တဲ့ ဒီမိုကရေစီကို အခြေခံတဲ့ ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲ ချင်တယ်။ အစိုးရကတော့ အဲ့ဒီလိုမျိုးထက် အသုံးချဖို့အတွက် အစိုးရတစ်ရပ် အသုံးချဖို့ အတွက် ပညာရေးစနစ် ပြောင်းလဲချင်တယ်။ အဲဒီအပေါ်မှာ ကွာခြားမှုတွေရှိတယ်” ဟု မဖြိုးဖြိုးအောင်ကပြောသည်။
ဒီမိုကရေစီပညာရေးသပိတ်မှ ကျောင်းသားများနှင့် ၀န်းရံသူ ၇၀ ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၃၃၂ နှင့် ၅၀၅(ခ) တို့ဖြင့် တရားစွဲဆိုခံထားရသည့် ဖမ်းဆီးခံကျောင်းသားများနှင့် ၀န်းရံသူများကို ၂၉ ကြိမ်မြောက် ရုံးချိန်းအဖြစ် ဒီဇင်ဘာ ၈ ရက်တွင် သာယာဝတီမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့သည်။
အဆိုပါရုံးချိန်းတွင် ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖြစ်သူ ကိုကျော်ကိုကိုလည်း
ပါဝင်လာပြီး သာယာဝတီမြို့နယ် တရားရုံးတွင် ပထမဦးဆုံးအကြိမ်အဖြစ် ရုံးထုတ်ခဲ့သည်။ ၎င်းကို ဒီဇင်ဘာ ၇ ရက် မွန်းလွဲပိုင်းက ရန်ကုန် အင်းစိန် ထောင်မှ သာယာဝတီအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး တစ်ဦး တည်း သက်သက် ခွဲထားသည်ဟုလည်း သိရသည်။

သတင်း - ဇော်မင်းထွန်း
The Ladies News Journal


No comments:

Post a Comment

My Blog List