Tuesday, December 08, 2015

တိုင်းရင်းသားအားလုံးက မိမိတို့ ဘာလုပ်ပေးနိုင်မလဲဟူသော စိတ်ဓာတ်ဖြင့် ချဉ်းကပ်ပါမှ ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


တိုင်းရင်းသားအားလုံးက မိမိတို့ဘာလုပ် ပေးနိုင်မလဲဟူသော စိတ်ဓာတ်ဖြင့် ချဉ်းကပ်ပါမှ ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းမည်ဟု အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ နေပြည်တော်ကောင်စီနယ်မြေ ရှိ စည်ပင်ဧည့်ရိပ်သာတွင် ဒီဇင်ဘာ ရ ရက် ညနေ ၅နာရီက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင် ဆန်းစုကြည်နှင့် တိုင်းရင်းသားလွှတ် တော်ကိုယ်စားလှယ်များ ပုံမှန်တွေ့ဆုံပွဲ တွင်ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လက်ရှိကျင်းပပြုလုပ်နေ သော ပထမအကြိမ်ပြည်ထောင်စု လွှတ်တော်အစည်းအဝေးများ မပြီး ဆုံးခင်တွင် ယခုကဲ့သို့တွေ့ဆုံရခြင်း ဖြစ်ကြောင်း သိရသည်။

ဒီနေ့လွှတ်တော်ထဲမှာ အပစ်အ ခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး ပြောသွား တဲ့အခါမှာ ''ကျွန်မတို့နိုင်ငံအတွက် ထာဝရငြိမ်းချမ်းရေးရဖို့ လုပ်ရတဲ့အ ခါမှာလုပ်စရာတွေအများကြီးရှိသေး တယ်ဆိုတာ ကျွန်မတို့  တိုင်းရင်းသား တွေ နားလည်ပြီးသားဖြစ်ပါတယ်။ ကျွန်မတို့အဖွဲ့ချုပ်ကလည်း ငြိမ်းချမ်း ရေးဖြစ်မြောက်အောင်လို့ ကြိုးစားပြီး လုပ်မှာပါ။ တိုင်းရင်းသားတွေအား လုံးပါဝင်မယ်ဆိုရင် ဖြစ်မြောက်သွား မှာပါ''ဟု အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အနေ ဖြင့် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကနိုင်ငံတော်သမ္မတဦးသိန်းစိန်၊ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည် ထောင်စုလွှတ်တော်နာယက၊ ရွေး ကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်များနှင့် အသီးသီးတွေ့ဆုံခဲ့ပြီးနောက် ယခု အကြိမ်တွင် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များနှင့် ဆက်လက် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က ''အ ခုဒီမိုကရေစီဆိုတာကတော့ လွှတ် တော်ဆိုတာ အမြဲပဲ ပြောင်းလဲနေ မှာပဲ။ ဒါလည်း ဖြစ်သင့်ဖြစ်ထိုက် တဲ့ကိစ္စပါ။ ဒီမိုကရေစီအရ ဒီလွှတ် တော်ထဲမှာတက်လာတဲ့သူတွေဟာ နောက်လွှတ်တော်ထဲမှာ ပါချင်မှပါ မှာ။ ဒီလွှတ်တော်မှာ ဆက်မပါတဲ့သူ က နောက်လွှတ်တော်ထဲမှာ ပြန်ပါ ရင်လည်းပါလာမှာပဲ။ ကျွန်မတို့ အ ချင်းချင်းဟာ နိုင်ငံရဲ့အကျိုးကိုကြည့် ပြီးတော့ ရင်းနှီးမှု၊ ခင်မင်မှု၊ တစ် ယောက်နဲ့တစ်ယောက် ယုံကြည်မှု၊ တစ်ယောက်နဲ့တစ်ယောက် ကူညီမှု ဆိုတာ ဖြစ်စေချင်ပါတယ်။ ကျွန်မ တို့နိုင်ငံဟာ တိုင်းရင်းသားပေါင်းစုံ နဲ့ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုဖြစ် တယ်။ ပြည်ထောင်စုဖြစ်လို့ ဂုဏ်ယူ သင့်တယ်။ ကျွန်မတို့အတွက် တန် ဖိုးထားစရာအခြေအနေဖြစ်တယ် ။

ဒါပေမဲ့လည်း အဲဒါကြောင့်လည်းအ ခက်အခဲတွေရှိတယ်။ အဲဒီအခက် အခဲတွေကိုကျော်လွှားဖို့အတွက် အား လုံးရဲ့တာဝန်ဖြစ်ပါတယ်။ တိုင်းရင်း သားများထဲမှာ ဗမာလည်းပါပါတယ်။ ဗမာတွေက အများစုဖြစ်နေတော့ ဗမာကတစ်ဖက်၊ ကျန်တဲ့တိုင်းရင်း သားတွေက တစ်ဖက်လို့မြင်နေတာ။ တစ်နည်းအားဖြင့်တော့ သဘာဝ တော့ကျပါတယ်။ ဗမာကအများစုဆို တော့ တစ်ဝက်ကျော်ကျော်က ဗမာ တွေဖြစ်နေတယ်။ ကျန်တဲ့တိုင်းရင်း သားတွေ အားလုံးစုလိုက်ရင်တောင် မှဗမာလောက်မများဘူးဆိုတော့ ဗမာ တွေကို တိုင်းရင်းသားတွေထဲမှာ စာ ရင်းမသွင်းတာ သဘာဝတော့ကျပါ တယ်။

ဒါပေမဲ့ စာရင်းသွင်းပါလို့ ကျွန်မ အနေနဲ့မေတ္တာရပ်ခံချင်ပါတယ်။ အချိန်ကာလကြာလာတာနဲ့အမျှ ကျွန်မ တို့အားလုံး အတူတူလုပ်ရမှာပဲ။ အခု ဆိုရင်ပြည်နယ်တွေမှာလည်း တိုင်း ရင်းသားမျိုးစုံပဲ။ ဗမာတွေလည်းမထင်ရတဲ့ ပြည်နယ်တွေမှာရောက်နေတာ တွေရှိတယ်။ ဒီလိုပဲ ကျွန်မတို့တိုင်း ရင်းသားတွေက တစ်နိုင်ငံလုံးအနှံ့ ရှိနေပါတယ်။ တဖြည်းဖြည်း ပြည် ထောင်စုပုံစံဖြစ်လာပေမယ့် ပြည် ထောင်စုစိတ်ဓာတ်ကိုပါ တစ်ခါတည်း ပြုစုပျိုးထောင်သွားဖို့လိုပါတယ်။ ပြည် ထောင်စုစိတ်ဓာတ်ဆိုတာ ပင်လုံစိတ် ဓာတ်လို့ ကျွန်မတို့ကတော့ ပြောပါ တယ်။ ပင်လုံစိတ်ဓာတ်ဆိုတာကို ရှင်း ပြပါဆိုရင်တော့ ပင်လုံစာချုပ်ချုပ်တဲ့ အခါမှာ ချုပ်စေနိုင်တဲ့စိတ်ဓာတ်ကိုပြောတာလို့ မြင်ပါတယ်။

တိုတိုပြောရရင် အားလုံးပူး ပေါင်းဆောင်ရွက်ခြင်းဟာမပူးပေါင်း ခြင်းထက်ထိရောက်တယ်။ ကိုယ်လို ချင်တဲ့ပန်းတိုင်ကို မြန်မြန်ဆန်ဆန် အောင်အောင်မြင်မြင် ရောက်နိုင်တယ် ဆိုတဲ့အယူအဆဟာ ပြည်ထောင်စု စိတ်ဓာတ်ပါပဲ။ ပင်လုံစိတ်ဓာတ်ပါ ပဲ။ တိုင်းရင်းသားအားလုံးဟာ ကိုယ့် ရဲ့ဘာသာစကား၊ ကိုယ့်ယဉ်ကျေးမှု ကိုကိုယ်နှစ်သက်မှာပဲ။ ဒါပေမဲ့ အားလုံးပူးပေါင်းဆောင်ရွက်ခြင်းရဲ့ တန်ဖိုး ကိုတော့ မမေ့ဖို့လိုပါတယ်။ တစ်ဦး စီ၊ တစ်ယောက်စီလုပ်ချင်သလို လုပ် မယ်ဆိုလို့ရှိရင် ကျွန်မတို့ပြည်ထောင် စုအတွက် တန်ဖိုးရှိတဲ့အမြင်တွေမဟုတ်ပါဘူး။ ပူးပေါင်းဆောင်ရွက်ခြင်း အားဖြင့် ပိုပြီးတော့အောင်မြင်နိုင် တယ်။ ပိုပြီးတော့ တိုးတက်နိုင်တယ် ဆိုတာကို ယုံကြည်တဲ့ပြည်ထောင်စု စိတ်ဓာတ်ကို၊ ပင်လုံစိတ်ဓာတ်ကို မွေးမြူချင်ပါတယ်။

ဒီနေ့လွှတ်တော်ထဲမှာ အပစ် အခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး ပြော သွားတဲ့အခါမှာ ကျွန်မတို့နိုင်ငံအတွက် ထာဝရငြိမ်းချမ်းရေးရဖို့ လုပ်ရတဲ့အ ခါမှာလုပ်စရာတွေအများကြီးရှိသေး တယ်ဆိုတာ ကျွန်မတို့တိုင်းရင်းသား တွေ နားလည်ပြီးသားဖြစ်ပါတယ်။ ကျွန်မတို့အဖွဲ့ချုပ်ကလည်း ငြိမ်း ချမ်းရေးဖြစ်မြောက်အောင်လို့ ကြိုး စားပြီးလုပ်မှာပါ။ တိုင်းရင်းသားတွေ အားလုံးပါဝင်မယ်ဆိုရင် ဖြစ်မြောက် သွားမှာပါ။

ကျွန်မတို့တိုင်းရင်းသားတွေအား လုံးဟာ ငါတို့ဘာပေးနိုင်လည်းဆိုတဲ့စိတ်ဓာတ်နဲ့ ပြည်ထောင်စုကို ချဉ်းကပ်မှ ပြည်ထောင်စုကြီးဟာ တကယ် ကိုငြိမ်းချမ်းနိုင်မယ်။ တကယ်ကိုတိုး တက်နိုင်မယ်။ ဖွံ့ဖြိုးနိုင်မယ်။ ငါတို့ ဘာရမလဲဆိုတာ နံပါတ်တစ် မဟုတ် ပါဘူး။ ငါတို့ ဘာပေးနိုင်မလဲဆိုတာ နံပါတ်တစ်ထားမယ်ဆိုရင် တကယ် ကို အောင်မြင်မှာပါ။

အခြေအမြစ်မရှိတဲ့ စိုးရိမ်ပူပန် မှုတွေကြောင့်မို့လို့ အချင်းချင်းကြား စိတ်ဝမ်းကွဲရတယ်ဆိုတာ အင်မတန် မှဝမ်းနည်းစရာကောင်းပါတယ်။ ပွင့်ပွင့်လင်းလင်းမပြောတတ်တဲ့ အလေ့ အထတချို့ကျတော့လည်း အားနာလို့၊ တချို့ကျတော့လည်း ကျွန်မတို့ လူ့အသိုင်းအဝိုင်းမှာ ပွင့်ပွင့်လင်းလင်း ပြောတဲ့အလေ့အကျင့်မရှိလို့ ထိမ်ချန် ထားတဲ့အခါ နားလည်မှုတွေလွဲတယ်။ အဲဒါကြောင့်မထိမ်ချန်ပါနဲ့။ တကယ် ကိုပြည်ထောင်စုအပေါ်မှာ စေတနာ ထားပြီးပြောပါ''ဟု ပြောကြားသွား ခဲ့သည်။

ယနေ့တွေ့ဆုံပွဲသို့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၃၀ ခန့် တက်ရောက်ခဲ့ကြောင်း သိ ရသည်။

MP
#Democracytoday

No comments:

Post a Comment

My Blog List