Tuesday, December 08, 2015

နိုင်ငံရေးဆွေးနွေးပွဲမူဘောင်အား ဒီဇင်ဘာလလယ်တွင် အတည်ပြုရန်ရှိ


တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးသဘောတူစာချုပ်လက်မှတ် ရေးထိုး ပြီးဖြစ်သဖြင့် ဖြစ်ပေါ်လာမည့် နိုင်ငံရေး ဆွေးနွေးပွဲများအတွက် နိုင်ငံရေးဆွေးနွေး ပွဲမူဘောင်အား ဒီဇင်ဘာလလယ်တွင် အတည်ပြုသွားရန် ရှိကြောင်း မြန်မာငြိမ်း ချမ်းရေးစင်တာ (MPC) ၏ ထုတ်ပြန်ချက်များအရသိ ရသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ပါဝင်လက်မှတ်ရေးထိုးခဲ့သောတစ် နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို အောက် တိုဘာ ၁၅ရက်တွင် လက်မှတ်ရေးထိုးခဲ့ ကြပြီးနောက် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် မူကြမ်းအသေးစိတ်ကို အစိုးရ၊ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ များနှင့် နိုင်ငံရေး ပါတီများ အစုအဖွဲ့သုံးဖွဲ့မှကိုယ်စားလှယ် သုံးဦးကျစီဖြင့် ဒီဇင်ဘာ ၁ရက်မှ စတင် ရေးဆွဲကြခြင်းဖြစ်သည်။

အဆိုပါကိုယ်စားလှယ်သုံးဦးစီမှာ အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်၁၆ဦးစီဖြင့် ဖွဲ့စည်း ထားသော ကိုယ်စားလှယ် ၄၈ဦးပါဝင်သည့် ပြည် ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ UPDJC မှ ကိုယ်စားလှယ်များဖြစ်သည်။

နိုဝင်ဘာ ၂၄ရက်တွင် UPDJC ၌ ပါဝင်သော အစိုးရ၊ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးပါတီများ မှ ကိုယ်စားလှယ်ထက်ဝက်စီဖြင့် နိုင်ငံ ရေးဆွေးနွေးပွဲ မူဘောင်ရေးဆွဲရေးကော် မတီဖွဲ့စည်းခဲ့ပြီး နိုင်ငံရေး ဆွေးနွေးပွဲ မူ ဘောင်ရေးဆွဲရာ၌ အခြေခံရမည့် မူဝါဒ ပိုင်းဆိုင်ရာများအား ကော်မတီဝင်များမှ နိုဝင်ဘာ ၂၇၊ ၂၈၊ ၃၀ ရက်များတွင် ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်ပြီးနောက် ယင်း သို့ ကိုယ်စားလှယ်သုံးဦးကျစီက နိုင်ငံရေး ဆွေးနွေး ပွဲမူဘောင် အသေးစိတ်မူကြမ်း ကို ရေးဆွဲကြခြင်းဖြစ်သည်။

ဒီဇင်ဘာ ၁ရက်မှ ၅ရက်အတွင်း ကိုယ်စားလှယ် သုံးဦးကျစီ ရေးဆွဲထား သော နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် အသေးစိတ်မူကြမ်းကို နိုင်ငံရေး ဆွေးနွေး ပွဲ မူဘောင်မူကြမ်းရေးဆွဲရေးကော်မတီ ပါ အစုအဖွဲ့သုံးဖွဲ့မှ ဒီဇင်ဘာ ပထမပတ်အတွင်းNCA စာချုပ် မူဘောင်နှင့်အညီ ပြန်လည် မူကြမ်းရေး သားပြီးနောက် ဒီဇင်ဘာလလယ်တွင် ပြုလုပ်မည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးသဘော တူစာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်းအစည်း အဝေး (JICM) နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေး နွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေး များတွင် အတည်ပြုအဆုံး အဖြတ် ပြုလုပ်မည်ဖြစ်သည်။

NCA စာချုပ်ချုပ်ဆိုပြီး ရက်ပေါင်း ၆၀အတွင်း နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ရေးဆွဲရမည်ဖြစ်ပြီး ရက်ပေါင်း၉၀အတွင်း နိုင်ငံရေးဆွေးနွေးပွဲများ စတင် ရမည်ဖြစ် သည်။

Hot News Journal

No comments:

Post a Comment

My Blog List