Wednesday, December 09, 2015

မြောက်ပိုင်းနှင့် တောင်ပိုင်းကို ခွဲခြားနေလျင် ရခိုင်ပြည်နယ်တည်ဆောက်ရန် ခက်ခဲနေဦးမည်ဟု ဒေါက်တာအေးမောင် ပြော


ရခိုင်ပြည်နယ်တွင် တောင်ပိုင်း၊ မြောက်ပိုင်း အယူအဆများ မဖျောက်ဖျက် နိုင်ပါက ရခိုင်ပြည်နယ် ပြန်လည် တည်ဆောက်ရန် ခက်ခဲနေဦးမည် ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောဆို လိုက်သည်။“ရခိုင်အမျိုးသားတွေ အနေနဲ့ ရခိုင်ပြည်နယ်မှာ တောင်ပိုင်းမြောက်ပိုင်း ခွဲခြားပြီး ပြောမနေသင့်ပါဘူး၊ ဒီလိုပြောဆိုမှုဟာ ရခိုင်ပြည်နယ်ကို ပြန်လည်တည်ဆောက် ရာမှာ ခက်ခဲစေပါတယ်။” ဟု ဒေါက်တာ အေးမောင်က ပြောသည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဦးဥတ္တမ ခန်းမတွင် ဒီဇင်ဘာလ ၇ ရက်နေ့က ကျင်းပပြုလုပ်သည့် ပြည်တွင်းပြည်ပ ရခိုင်ရေးရာ တက်ကြွသူများမှ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးအေးမောင်အား ရခိုင်ဂုဏ်ဆောင် အလင်းရောင်နှင့် ရခိုင်အမျိုးဂုဏ်ဆောင်ဆု ပေးအပ်ပွဲတွင် ဦးအေးမောင်မှ ယခုကဲ့သို့ ပြောလိုက်ခြင်း ဖြစ်သည်။

“တကယ်က တောင်ပိုင်မြောက်ပိုင်း ကွဲတယ်ဆိုတာ အယူအဆမတူလို့ မဟုတ်ပါဘူး။ စကားပြောတွေ မတူတာတစ်ခုပဲ ပြောစရာရှိတယ်။ ခွဲခြားဆက်ဆံ တာမျိုးတွေတော့ မကြုံဖူးပါဘူး။” ဟု ရခိုင်ပြည်နယ်၊ ဂွမြို့ဒေသခံ ဦးမောင်သိန်းက ပြောသည်။

ရခိုင် အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်သည် ရွေးကောက်ပွဲ၌ ပေါက်တော မဲဆန္ဒနယ်တွင် ၀င်ရောက် ယှဉ်ပြိုင်ရန် ရွေးချယ်ခဲ့သော်လည်း ပါတီတွင်း ပြိုင်ဆိုင်မှုများနေသဖြင့် ပေါက်တောမြို့တွင် ယှဉ်ပြိုင်ခြင်း မရှိဘဲ မာန်အောင်မြို့၌ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါပွဲ၌ ရှင်းလင်းခဲ့သည်။

အဆိုပါ ဆုပေးပွဲတွင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ၌ ရခိုင် အမျိုးသားပါတီမှ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များအား မိတ်ဆက်ပွဲကိုပါ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

သတင်း -MMK
The Ladies News Journal


No comments:

Post a Comment

My Blog List