Tuesday, December 08, 2015

ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ်တွင် အမှိုက်ကောက်မည်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့တွင် အမှိုက်ကောက်သွား မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ထံမှ သိရှိရသည်။ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာလ ၁၂ ရက်နှင့် ၁၃ ရက်နေ့၌ ကော့မှူးမြို့တွင် အမှိုက်ကောက်ခြင်းကို ဆောင်ရွက်မည်ဖြစ်ကြောင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းမြင့်က ပြောသည်။
“ဒီဇင်ဘာ ၁၂ ရက်မှာ ကော့မှူးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သွားမှာပါ။ အဓိက သွားဖြစ်တာက တစ်နိုင်ငံလုံးက အနိုင်ရ ကိုယ်စားလှယ်တွေကို ဒီဇင်ဘာ ၁၂ နဲ့ ၁၃ မှာ အမှိုက်ကောက် ကြဖို့ လမ်းညွန်ထား သလို သူကိုယ်တိုင်လည်း ပါဝင်လှုပ်ရှားဖို့ ကော့မှူးကို သွားမှာပါ”ဟု ဦးဝင်းမြင့်က ပြောသည်။

တစ်နိုင်ငံလုံးရှိ အနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ် များအား ဒီဇင်ဘာလ ၁၂ ရက်နှင့် ၁၃ ရက်တွင် အမှိုက်ကောက်ရန် ဒေါ်အောင်ဆန်းစုကြည် က နိုဝင်ဘာလ ၂၈ ရက်က လမ်းညွန်ထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောက်မြန်မာပြည် ကိုယ်စားလှယ်များအား နိုဝင်ဘာလ ၂၈ ရက်တွင် တော်ဝင်နှင်းဆီခန်းမတွင် လည်းကောင်း၊ အထက် မြန်မာပြည် ကိုယ်စားလှယ်များအား ပျဉ်းမနား မေခန်းမ၌လည်းကောင်း တွေဆုံခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အင်္ဂလိပ်စာလေ့လာထားရန်၊ အမှိုက်ကောက်ရန် အပြင် လစာငွေ ဖြတ်တောက်မည့်အကြောင်းနှင့် အဂတိကင်းရှင်းရန်တို့ကို မှာကြားထားခြင်း ဖြစ်သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၃၅ ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂၅၅ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၄၇၅ ဦးနှင့် တိုင်းရင်းသား လူမျိုးကိုယ်စား လှယ် ၂၁ ဦး စုစုပေါင်း ၈၈၆ ဦး အနိုင်ရရှိခဲ့ပြီး အစိုးရဖွဲ့စည်းခွင့် ရရှိထားခြင်း ဖြစ်သည်။

သတင်း - MMK
The Ladies News Journal

No comments:

Post a Comment

My Blog List