Thursday, January 03, 2013

ကျူးကျော်မြေ သတ်မှတ်ကာ အဆောက်အဦးများ ဖျက်သိမ်းခြင်းကို ဦးစီးမှူးက မသိဟုပြောကြား

Photo: ကျူးကျော်မြေ သတ်မှတ်ကာ အဆောက်အဦးများ ဖျက်သိမ်းခြင်းကို ဦးစီးမှူးက မသိဟုပြောကြား
Wednesday, 02 January 2013

မန္တလေးမြို့ လမ်း ၃၀၊ ၆၅-၆၆လမ်းကြားရှိ ရဲဗဟိုသင်တန်း ကျောင်းပိုင်
မြေပေါ်တွင် တည်ဆောက် ထားသော အဆောက်အဦး ၁၄ခုအား မန္တလေးမြို့တော် စည်ပင်က ကျူးမြေဟု သတ်မှတ်ကာ ရှေ့မျက်နှာစာ ဖျက်သိမ်းပေးရန် အကြောင်းကြားခဲ့သော်လည်း လက်မှတ်ထိုးသူ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာန ဦးစီးမှူး ဦးမျိုးအောင်က သိရှိခြင်းမရှိဟု မြန်မာ့ခေတ်သို့
ပြောကြားသည်။

ယင်းအဆောက်အဦးများသည် ၁၉၉၅ခုနှစ်တွင် ပြည်ထဲရေးဝန်ကြီးဌာန ခွင့်ပြုချက်ဖြင့် ရဲဗဟို သင်တန်းကျောင်း ပိုင်မြေတွင် တည်ဆောက်ကာ
ပြန်ရောင်းချခဲ့ခြင်းဖြစ်ကြောင်း၊ ထိုမြေတွင် နေထိုင်စဉ် ၁၅နှစ်ကျော်အတွင်း မြို့တော်စည်ပင်က ကျူးမြေဟုဆိုကာ လာရောက် အသိပေးခြင်း မရှိခဲ့
သော်လည်း ဒီဇင်ဘာ၂၇ရက်နေ့တွင် အကြောင်းကြားစာ ပို့၍ ဇန်န၀ါရီ
လ ၂ ရက်နေ့ နောက်ဆုံးထား ဖျက်သိမ်းပေးရန် အကြောင်းကြားခဲ့ခြင်း
ဖြစ်ကြောင်းကို တိုက်ခန်းပိုင်ရှင်တစ်ဦးဖြစ်သူ ဒေါ်မြတ်မြတ်လွင်က ပြော
ကြားသည်။

အကြောင်းကြားစာတွင် လက်မှတ်ရေးထိုးသော မန္တလေးမြို့တော် စည်ပင်
သာယာရေး ကော်မတီ အဆောက်အအုံနှင့်ကုန်ရုံဌာန ဦးစီးမှုး ဦးမျိုးအောင်
ထံ မေးမြန်းရာ “ဒီကိစ္စနဲ့ ပက်သက်ပြီး ကျွန်တော်တို့မသိပါဘူး။ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှာ ဌာန(၁၄)ခု ရှိပါတယ်။ အဲဒီထဲမှာ အဆင့်လိုက် လုပ်ဆောင်နေရတာပါ။ အခုကိစ္စက ကျွန်တော်တို့
အတိအကျ မသိပါဘူး။ မြို့နယ်မှာရှိ တဲ့ အဆောက်အအုံဌာနကို သွားမေး
ရမှာပါ။ ကျွန်တော်တို့ အထက်က ပြောတဲ့အတိုင်း လက်မှတ် ရေးထိုးပြီး ထုတ်ပေးလိုက်တာပဲ ရှိပါတယ်။ အတိအကျ သိချင်တယ် ဆိုရင်တော့ မြို့နယ်ကို သွားမေးရင်တောင်မသိလောက်ဘူး။ မြေစာရင်းဌာနမှာရှိတဲ့
မြေစာရင်းကိုကြည့်ပြီးသွားတိုင်းမှသာသိနိုင်မှာပါ” ဟုပြန်လည် ဖြေကြား
ခဲ့သည်။

“ဒီမှာနေတာက၁၅နှစ်လောက်က၀ယ်ယူထားတာပါ။နောက်ပြီး နေခဲ့တဲ့အချိန် အတောအတွင်း ဘယ်ကမှကျူးတယ် လို့ အကြောင်းကြားခြင်း လည်းမရှိဘူး။
အခုမှ ချက်ခြင်းဆိုသလို ဖျက်ပေးဖို့ ပြောလာပါတယ်။ အချိန်ကလည်း ငါးရက်ပဲ ပေးပါတယ်။ ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ မဖျက်ဖို့ အတွက်
လည်း သက်ဆိုင်ရာကို တင်ပြသွားမယ့်အပြင် ဖျက်မိန့်အတွက် လက်မှတ် လာထိုးခိုင်းတာကိုလည်း မထိုးနိုင်ပါဘူး။ အကယ်၍ မဖြစ်မနေဖျက်ရမယ် ဆိုလည်း တိကျသေချာစွာ ရှင်းပြပြီးတော့ သတ်မှတ် လျော်ကြေးပေး လုပ်
ဆောင် သင့်ပါတယ်”ဟု ဒေါ်မြတ်မြတ်လွင်က ပြောကြားသည်။

တိုက်ခန်းများကို ၀ယ်ယူစဉ်တွင် ၁၉၉၅ခုနှစ်က တိုက်ခန်း တစ်ခန်းတန်းဖိုး
ငွေကျပ်ရှစ်သိန်းသာ ဈေးရှိသော်လည်း ယခုအချိန်၌ သိန်းငါးရာကျော်
ပေါက်ဈေးရှိကြောင်း သိရသည်။

မျိုးသန့်
The Myanma Age
မန္တလေးမြို့ လမ်း ၃၀၊ ၆၅-၆၆လမ်းကြားရှိ ရဲဗဟိုသင်တန်း ကျောင်းပိုင် မြေပေါ်တွင် တည်ဆောက် ထားသော အဆောက်အဦး ၁၄ခုအား မန္တလေးမြို့တော် စည်ပင်က ကျူးမြေဟု သတ်မှတ် ကာ ရှေ့မျက်နှာ စာ ဖျက်သိမ်းပေးရန် အကြောင်းကြားခဲ့သော်လည်း လက်မှတ်ထိုးသူ မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာန ဦးစီးမှူး ဦးမျိုးအောင်က သိရှိခြင်းမရှိ ဟု မြန်မာ့ခေတ်သို့ပြောကြားသည်။

ယင်းအဆောက်အဦးများသည် ၁၉၉၅ခုနှစ်တွင် ပြည်ထဲရေးဝန်ကြီးဌာန ခွင့်ပြုချက်ဖြင့် ရဲဗဟို သင်တန်းကျောင်း ပိုင်မြေတွင် တည်ဆောက်ကာပြန်ရောင်းချခဲ့ခြင်းဖြစ်ကြောင်း၊ ထိုမြေတွင် နေထိုင်စဉ် ၁၅နှစ်ကျော်အတွင်း မြို့တော်စည်ပင်က ကျူးမြေဟုဆိုကာ လာရောက် အသိပေးခြင်း မရှိခဲ့သော်လည်း ဒီဇင်ဘာ၂၇ရက်နေ့တွင် အကြောင်းကြားစာ ပို့၍ ဇန်န၀ါရီလ ၂ ရက်နေ့ နောက်ဆုံးထား ဖျက်သိမ်းပေးရန် အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်းကို တိုက်ခန်းပိုင်ရှင်တစ်ဦးဖြစ်သူ ဒေါ်မြတ်မြတ်လွင်က ပြောကြားသည်။
အကြောင်းကြားစာတွင် လက်မှတ်ရေးထိုးသော မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံနှင့်ကုန်ရုံဌာန ဦးစီးမှုး ဦးမျိုးအောင်ထံ မေးမြန်းရာ “ဒီကိစ္စနဲ့ ပက်သက်ပြီး ကျွန်တော်တို့မသိပါဘူး။ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှာ ဌာန(၁၄)ခု ရှိပါတယ်။ အဲဒီထဲမှာ အဆင့်လိုက် လုပ်ဆောင်နေရတာပါ။ အခုကိစ္စက ကျွန်တော်တို့အတိအကျ မသိပါဘူး။ မြို့နယ်မှာရှိ တဲ့ အဆောက်အအုံဌာနကို သွားမေးရမှာပါ။ ကျွန်တော်တို့ အထက်က ပြောတဲ့အတိုင်း လက်မှတ် ရေးထိုးပြီး ထုတ်ပေးလိုက်တာပဲ ရှိပါတယ်။ အတိအကျ သိချင်တယ် ဆိုရင်တော့ မြို့နယ်ကို သွားမေးရင်တောင်မသိလောက်ဘူး။ မြေစာရင်းဌာနမှာရှိတဲ့မြေစာရင်းကိုကြည့်ပြီးသွားတိုင်းမှသာသိနိုင်မှာပါ” ဟုပြန်လည် ဖြေကြားခဲ့သည်။

“ဒီမှာနေတာက၁၅နှစ်လောက်က၀ယ်ယူထားတာပါ။နောက်ပြီး နေခဲ့တဲ့အချိန် အတောအတွင်း ဘယ်ကမှ ကျူးတယ် လို့ အကြောင်းကြားခြင်း လည်းမရှိဘူး။အခုမှ ချက်ခြင်းဆိုသလို ဖျက်ပေးဖို့ ပြောလာပါတယ်။ အချိန်ကလည်း ငါးရက်ပဲ ပေးပါတယ်။ ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ မဖျက်ဖို့ အတွက်လည်း သက်ဆိုင်ရာကို တင်ပြသွားမယ့်အပြင် ဖျက်မိန့်အတွက် လက်မှတ် လာထိုးခိုင်းတာကိုလည်း မထိုးနိုင်ပါ ဘူး။ အကယ်၍ မဖြစ်မနေဖျက်ရမယ် ဆိုလည်း တိကျသေချာစွာ ရှင်းပြပြီးတော့ သတ်မှတ် လျော်ကြေးပေး လုပ်ဆောင် သင့်ပါတယ်”ဟု ဒေါ်မြတ်မြတ်လွင်က ပြောကြားသည်။

တိုက်ခန်းများကို ၀ယ်ယူစဉ်တွင် ၁၉၉၅ခုနှစ်က တိုက်ခန်းတစ်ခန်းတန်းဖိုးငွေကျပ် ရှစ်သိန်း သာ ဈေးရှိသော်လည်း ယခုအချိန်၌ သိန်းငါးရာကျော်ပေါက်ဈေးရှိကြောင်း သိရသည်။
 မျိုးသန့်
The Myanma Age

No comments:

Post a Comment

My Blog List