Monday, December 31, 2012

ချောက်ကမ်းပါး နှစ်ဖက်ကို သွယ်တန်း ထားသော ကြိုးတန်းပေါ် လမ်းလျှောက်သူ

Photo: ချောက်ကမ်းပါး နှစ်ဖက်ကို သွယ်တန်း ထားသော ကြိုးတန်းပေါ် လမ်းလျှောက်သူ
Monday, 31 December 2012

အမေရိကန် ပြည်ထောင်စု ဆန်ဖရန် စစ္စကိုမြို့မှ အသက် ၂၄နှစ် 
အရွယ်ရှိ မစ္စအက်ရှ်ဘန်း ဆိုသူ အမျိုးသမီး တစ်ဦးသည် ပေ ၈ဝအမြင့် ရှိသော ကျောက်ဆောင် ချောက်ကမ်းပါး အစွန်း နှစ်ဖက်ကို သံမဏိကြိုးဖြင့် ကန့်လန့်ဖြတ် သွယ်တန်းလျက် ၎င်းကြိုးပေါ်မှ အလွတ်လမ်းလျှောက်
ပြခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

အဆိုပါ အမျိုးသမီးသည် ခရီးသွား အဖွဲ့နှင့် အတူ ထိုင်းနိုင်ငံ ကမ်းရိုးတန်း တစ်လျှောက်၌ လှေဖြင့် ခရီးလှည့်လည် သွားလာနေစဉ် အတွင်း ထူးခြား အံ့မခန်းသော နေရာ တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ပြီး ယင်းကဲ့သို့ လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ထိုအားကစား နည်းသည် ထူးခြားသော အားကစားနည်း တစ်မျိုးဖြစ်ပြီး အနည်းငယ် လွဲချော်ရုံ မျှဖြင့် သူမ၏ အသက် အန္တရာယ် ကိုပါ အန္တရာယ်ဖြစ်စေ နိုင်ဖွယ်ရှိသည်။ ကြိုးတန်းလမ်း လျှောက်သူ များသည် ၎င်းတို့၏ ဟန်ချက် ညီစေရန် ထိန်းပေးသည့် အကူပစ္စည်း အဖြစ် တိုင်ရှည်လေး တစ်ချောင်းကို အများအားဖြင့် အသုံးပြု၍ တင်းနေအောင် ချည်ထားသော သံမဏိ ကြိုးများ တွင်သာ လုပ်ဆောင်ခဲ့ကြ သော်လည်း သူမက ထိုကဲ့သို့ မဟုတ်ဘဲ မည်သည့် အကူပစ္စည်းမှ မပါဘဲ အလွတ်လျှောက် ပြခဲ့သည်ဟု သိရသည်။

ထိုအချိန်တွင် ပင်လယ် ဒီရေသည် မြင့်တက်လျက် ရှိသောကြောင့်
အောက်သို့ပြုတ်ကျ သွားပါက ဒဏ်ရာ အနာတရ မရရှိ နိုင်သော်လည်း ဒီရေ ကျနေချိန်တွင် ပြုတ်ကျ ခဲ့ပါက အသက် အန္တရာယ် အလွန်စိုးရိမ် ရကြောင်း Stay Sure ခရီးသွား ကုမ္ပဏီမှ ပြောရေး ဆိုခွင့် ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

ထိုကဲ့သို့ ကြိုးတန်း လမ်းလျှောက်ခြင်းသည် အသက်အန္တရာယ် စိုးရိမ်ရ
သောကြောင့် အန္တရာယ် တစ်ခုခု ကြုံတွေ့ခဲ့ပါက ခရီးသွား ကုမ္ပဏီ အနေဖြင့် ကာကွယ် ပေးနိုင်မည် မဟုတ် ကြောင်း ၎င်းကုမ္ပဏီမှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦး က ပြောကြား ခဲ့သည်။

မြ၀တီ

အမေရိကန် ပြည်ထောင်စု ဆန်ဖရန် စစ္စကိုမြို့မှ အသက် ၂၄နှစ်အရွယ်ရှိ မစ္စအက်ရှ်ဘန်း ဆိုသူ အမျိုးသမီး တစ်ဦးသည် ပေ ၈ဝအမြင့် ရှိသော ကျောက်ဆောင် ချောက်ကမ်းပါး အစွန်း နှစ်ဖက်ကို သံမဏိကြိုးဖြင့် ကန့်လန့်ဖြတ် သွယ်တန်းလျက် ၎င်းကြိုးပေါ်မှ အလွတ်လမ်းလျှောက်ပြခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

အဆိုပါ အမျိုးသမီးသည် ခရီးသွား အဖွဲ့နှင့် အတူ ထိုင်းနိုင်ငံ ကမ်းရိုးတန်း တစ်လျှောက်၌ လှေဖြင့် ခရီး လှည့်လည် သွားလာနေစဉ် အတွင်း ထူးခြား အံ့မခန်းသော နေရာ တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ပြီး ယင်းကဲ့သို့ လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ထိုအားကစား နည်းသည် ထူးခြားသော အားကစားနည်း တစ်မျိုးဖြစ်ပြီး အနည်းငယ် လွဲချော်ရုံ မျှဖြင့် သူမ၏ အသက် အန္တရာယ် ကိုပါ အန္တရာယ်ဖြစ်စေ နိုင်ဖွယ်ရှိသည်။ ကြိုးတန်းလမ်း လျှောက်သူ များသည် ၎င်းတို့၏ ဟန်ချက် ညီစေရန် ထိန်းပေးသည့် အကူပစ္စည်း အဖြစ် တိုင်ရှည်လေး တစ်ချောင်းကို အများအားဖြင့် အသုံးပြု၍ တင်းနေအောင် ချည်ထားသော သံမဏိ ကြိုးများ တွင်သာ လုပ်ဆောင် ခဲ့ကြ သော်လည်း သူမက ထိုကဲ့သို့ မဟုတ်ဘဲ မည်သည့် အကူပစ္စည်းမှ မပါဘဲ အလွတ်လျှောက် ပြခဲ့ သည်ဟု သိရသည်။

ထိုအချိန်တွင် ပင်လယ် ဒီရေသည် မြင့်တက်လျက် ရှိသောကြောင့်အောက်သို့ပြုတ်ကျ သွားပါက ဒဏ်ရာ အနာတရ မရရှိ နိုင်သော်လည်း ဒီရေ ကျနေချိန်တွင် ပြုတ်ကျ ခဲ့ပါက အသက် အန္တရာယ် အလွန်စိုးရိမ် ရကြောင်း Stay Sure ခရီးသွား ကုမ္ပဏီမှ ပြောရေး ဆိုခွင့် ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

ထိုကဲ့သို့ ကြိုးတန်း လမ်းလျှောက်ခြင်းသည် အသက်အန္တရာယ် စိုးရိမ်ရသောကြောင့် အန္တရာယ် တစ်ခုခု ကြုံတွေ့ခဲ့ပါက ခရီးသွား ကုမ္ပဏီ အနေဖြင့် ကာကွယ် ပေးနိုင်မည် မဟုတ် ကြောင်း ၎င်းကုမ္ပဏီမှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦး က ပြောကြား ခဲ့သည်။

မြ၀တီ

No comments:

Post a Comment

My Blog List