Thursday, January 03, 2013

ခိုက်ရန်ဖြစ်ပွား၍ သေဆုံးသွားသည့် အရပ်သားလူငယ်ကိစ္စ တပ်မတော်သား သုံးဦးအား ခုံရုံးဖွဲ့စစ်ဆေးမည်ဟုဆို

ဟင်္သာတမြို့ ခိုက်ရန်ဖြစ်ပွားမှု တစ်ခုတွင် သေဆုံးသွားသော လူ ငယ်တစ်ဦးနှင့်ပတ်သက်၍ တပ် မတော်သားသုံးဦးအား ဖမ်းဆီး ချုပ်နှောင်ထားကြောင်း အမှတ် (၁၈)၊ ခြေလျင်တပ်ရင်းမှ ဗိုလ်ကြီးတစ်ဦး က အတည်ပြု ပြောကြားသည်။

သေဆုံးသွားသော အသက် (၁၇နှစ်)အရွယ် မောင်သန်းထိုက်အောင်မှာ အခင်းဖြစ်ပွားသည့် နေ့က အမှတ်(၁၈)ခြေလျင်တပ်ရင်းရှေ့ လမ်းမကြီးပေါ်တွင် ၎င်း မောင်းနှင်လာသည့် ဆိုင်ကယ်နှင့် တပ်သား တစ်ဦးအား ၀င်တိုးမိရာမှ ယင်းတပ်သားနှင့်အတူ ပါလာသော ဒုတပ်ကြပ်နှစ်ဦးတို့က ၀ိုင်းဝန်းထိုး ကြိတ် ကြသောကြောင့် ဒီဇင်ဘာ ၂၅ ရက်တွင် ဟင်္သာတပြည် သူ့ဆေးရုံကြီးသို့ တက်ရောက် ကုသခဲ့ရခြင်းဖြစ် သည်။
ဒီဇင်ဘာ ၂၇ရက်တွင် ဟင်္သာတဆေးရုံအုပ်ကြီးက ရန်ကုန်ပြည်သူ့ဆေးရုံသို့ လွှဲ ပြောင်းပေးခဲ့ပြီး ယင်းနေ့တွင်ပင် ဦးနှောက်အတွင်း သွေးခဲသည့် ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိ ရသည်။“အမှုမှာ ပါဝင်ပတ်သက်နေတဲ့ သုံးယောက်ကို တပ်အချုပ်ထဲ မှာ ဖမ်းဆီးထားပါတယ်။ ဒီအမှုကို ခုံရုံးဖွဲ့စစ်ဆေးပြီး စစ်စည်း ကမ်းအရ အရေးယူနိုင်ဖို့ ဆောင်ရွက်နေပါတယ်”” ဟု အထက်ပါ ဗိုလ်ကြီးက 7Day News သို့ တယ်လီဖုန်းမှတစ်ဆင့်ဖြေ ကြားသည်။

ဟင်္သာတဆေးရုံအုပ်ကြီး ဒေါက်တာကြည်စိုးက ပြောကြား ရာတွင် လူနာမှာ ဦးနှောက်ခွံနှင့် ဦးနှောက်အမြှေးကြား သွေးယို စီးပြီး သွေးခဲနေသည့်အတွက် ဟင်္သာတတွင် ခွဲစိတ်ရန် မဖြစ်နိုင် ၍ ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း လူနာအခြေအနေမှာ စိုးရိမ်ရ၍ ခရီးကြန့်ကြာမှု မဖြစ်စေရန် ဆေးရုံးသုံး လူနာတင်ယာဉ်ဖြင့် စီစဉ်ပေးခဲ့ရကြောင်းသိရသည်။““ခလရ(၁၈)က ဟင်္သာတ မြို့နဲ့ရော ရွာတွေနဲ့ပါ နီးနီးလေးပါ။ တပ်မတော်အပေါ် ဒေသခံတွေရဲ့ ယုံကြည်မှုကိုရဖို့အတွက် တရားစီ ရင်ရေးပိုင်းကနေ ထင်သာမြင်သာရှိအောင် ဖြေရှင်းပေးစေချင် ပါတယ်”” ဟု ဟင်္သာတမြို့ခံ ကို ကျော်စွာ ကပြောသည်။

သေဆုံးသူ၏ ဖခင်ဖြစ်သူ ကိုအောင်မင်းနိုင်က ““လူငယ်တစ်ယောက်ကို လူအင်အားနဲ့မမျှမတ လုပ်သွား တာတော့ အဖေတစ် ယောက်အနေနဲ့ စိတ်မကောင်းပါဘူး။ တပ်က ဗိုလ်ကြီး ကတော့ ဖြစ်သင့် တဲ့အတိုင်း လုပ်ပေးမယ် လို့တော့ ပြောပါတယ်”” ဟုဆိုသည်။

၂၀၁၁ ခုနှစ် စက်တင်ဘာ လအတွင်းကလည်း ပဲခူးမြို့တွင် အမှတ်(၅၉)ခြေလျင်တပ်ရင်းမှ တပ်သားနှစ် ဦးက ဒေသခံလူငယ်နှစ်ဦးအား သေနတ်ဖြင့် ပစ်သတ် မှုဖြစ်ပွားခဲ့ပြီး နေပြည်တော်မှတာဝန်ရှိ သူများက ထိုအမှုတွင် ပါဝင် ပတ်သက်သော သုံးပွင့်အဆင့်ရှိ ဗိုလ်ကြီးနှစ်ဦးအား ရာထူးမှ ဖြုတ်ကာ အလုပ် ကြမ်းနှင့် ထောင်ဒဏ် ၁၅ နှစ်စီချမှတ်ကာ တပ်သားတစ်ဦးအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂၀ နှစ် ချမှတ်အပြစ်ပေးခဲ့ ကြောင်း ယင်းဖြစ်စဉ်တွင် သေဆုံး ခဲ့သည့် မောင်အောင်သူဟိန်း၏ အဒေါ်ဖြစ်သူ ဒေါ်ထူးကပြောသည်။

7Day News Journal

No comments:

Post a Comment

My Blog List