Wednesday, January 02, 2013

အိန္ဒိယအစိုးရက ဆင်းရဲတဲ့ပြည်သူများကို ငွေကြေးထောက်ပံ့

Photo: အိန္ဒိယအစိုးရက ဆင်းရဲတဲ့ပြည်သူများကို ငွေကြေးထောက်ပံ့
Tuesday, 1 January 2013

ဇန်န၀ါရီလ ၁ ရက်နေ့မှာ အိန္ဒိယအစိုးရက ဒေသ ၂၀ ခုက ဆင်းရဲသား ၂ သိန်းကျော်ကို ငွေကြေးထောက်ပံ့မှု စတင်ပေးနေပြီး ၂၀၁၃နှစ်အကုန်မှာ တနိုင်ငံလုံးအတိုင်းအတာထိ ပေးဝေသွားမယ်လို့ အိန္ဒိယ ဘဏ္ဍာရေးဝန်ကြီး P Chidambaram က ပြောလိုက်ပါတယ်။

အစိုးရက DBT (Direct Benefit Transfer) ခေါ်တဲ့ အစီစဉ်နဲ့ တတိယကြားခံလူများ သို့မဟုတ် အဖွဲ့အစည်းများ လုံးဝမလိုအပ်ဘဲ
ထောက်ပံ့ကြေးရမဲ့သူတွေရဲ့ မှတ်ပုံတင်နဲ့တွဲဖက်ပြီး ဘဏ်အကောင့်ထဲကို တိုက်ရိုက်ငွေထည့်ပေးမှာဖြစ်ပြီး အဲဒီအစီစဉ်အတွက် အစိုးရမှ ရူပီးငွေ ၃၂၀၀ ဘီလီယံ (ဒေါ်လာ ၅၈ ဘီလီယံ) သုံးစွဲသွားမယ်လို့ ဆိုပါတယ်။
ငွေကြေးထောက်ပံ့မဲ့ အစီစဉ်က လူမှုဖူလုံရေး ၂၉ မျိုး အတွက်ဖြစ်ပြီး အများစုကတော့ ပညာသင်ထောက်ပံ့ဆု အတွက်ဖြစ်တယ်လို့ သိရပါတယ်။

အစီစဉ်အရ ဆင်းရဲတဲ့ပြည်သူ တယောက်စီတိုင်းက ပညာသင်ဆု သို့မဟုတ် ပင်စင်ငွေ တစ်နှစ်လျှင် ဒေါ်လာ ၅၄၃ - ၇၂၃ အထိ ရရှိမှာ ဖြစ်ပြီး အိန္ဒိယရဲ့ လူဦးရေ ၁.၂ ဘီလီယံကျော်မှာ ခန့်မှန်းခြေ ဆင်းရဲသူပေါင်း သန်း ၃၆၀ ရှိတယ်လို့ သိရပါတယ်။

(Ref; BBC news - Dec 31, India rolls out cash transfer scheme
 for poor)
Myanmar1
ဇန်န၀ါရီလ ၁ ရက်နေ့မှာ အိန္ဒိယအစိုးရက ဒေသ ၂၀ ခုက ဆင်းရဲသား ၂ သိန်းကျော်ကို ငွေကြေးထောက်ပံ့ မှု စတင်ပေးနေပြီး ၂၀၁၃နှစ်အကုန်မှာ တနိုင်ငံလုံးအတိုင်း အတာထိ ပေးဝေသွားမယ်လို့ အိန္ဒိယ ဘဏ္ဍာရေးဝန်ကြီး P Chidambaram က ပြောလိုက်ပါတယ်။
အစိုးရက DBT (Direct Benefit Transfer) ခေါ်တဲ့ အစီစဉ်နဲ့ တတိယကြားခံလူများ သို့မဟုတ် အဖွဲ့အစည်းများ လုံးဝမလိုအပ်ဘဲထောက်ပံ့ကြေးရမဲ့သူတွေရဲ့ မှတ်ပုံတင်နဲ့တွဲဖက်ပြီး ဘဏ်အကောင့်ထဲကို တိုက်ရိုက်ငွေ ထည့်ပေးမှာဖြစ်ပြီး အဲဒီအစီစဉ်အတွက် အစိုးရမှ ရူပီးငွေ ၃၂၀၀ ဘီလီယံ (ဒေါ်လာ ၅၈ ဘီလီယံ) သုံးစွဲသွားမယ်လို့ ဆိုပါတယ်။ငွေကြေးထောက်ပံ့မဲ့ အစီစဉ်က လူမှုဖူလုံရေး ၂၉ မျိုး အတွက်ဖြစ်ပြီး အများစုကတော့ ပညာသင်ထောက်ပံ့ဆု အတွက်ဖြစ်တယ်လို့ သိရပါတယ်။

အစီစဉ်အရ ဆင်းရဲတဲ့ပြည်သူ တယောက်စီတိုင်းက ပညာသင်ဆု သို့မဟုတ် ပင်စင်ငွေ တစ်နှစ်လျှင် ဒေါ်လာ ၅၄၃ - ၇၂၃ အထိ ရရှိမှာ ဖြစ်ပြီး အိန္ဒိယရဲ့ လူဦးရေ ၁.၂ ဘီလီယံကျော်မှာ ခန့်မှန်းခြေ ဆင်းရဲသူပေါင်း သန်း ၃၆၀ ရှိတယ်လို့ သိရပါတယ်။

(Ref; BBC news - Dec 31, India rolls out cash transfer scheme
for poor)
Myanmar1

No comments:

Post a Comment

My Blog List